Friday, May 16, 2008

နာဂစ်...သို့

အို...နာဂစ်
ဘယ်လိုအပြစ်နဲ့များ
ငါတို့အချစ်
ရင်နစ်သည်းချာ
ဘ၀များစွာကို
နင်းချေဖျက်စီး
အမျက်ကြီးခဲ့ရတာလဲ....
အို...နာဂစ်
ငါတို့ပြည်ထောင်
အကျိုးဆောင်သည့်
“ဆန်အိုကြီး“ မည်
ဧရာဝတီလည်း
အသင့်ဖ၀ါးအောက်
ပြားပြားမှောက်ခဲ့
ငါတို့အသည်းတွေကြွေခဲ့ပြီ.....
အပြစ်ကင်းစွာ
ပျော်ကြရှာသည့်
လူမမည်သေး
ခလေးများစွာ
သနားစဖွယ်
သေကျေပျက်စီး
မျက်ရည်တွေချောင်းစီးခဲ့ပြီ.....
အို...နာဂစ်
ဒီကမ္ဘာ..ဒီလောက
ရှိနေသမျှကာလတစ်လျှောက်လုံး
ငါတို့မျက်ရည်
ယိုကျဖိတ်စီး
ထိုနေ့ကြီးကို
မုန်းတီးရွံရှာ
ကြောက်လန့်စွာနဲ့
မပျောက်မပျက်
ရစ်ပတ်မြင်ယောင်နေကြဦးမှာပါ…..


Type rest of the post here

ကျွန်တော်မသိခြင်းများ

ကောင်းကင်ကြီးကို
ဘယ်သူကအပြာရောင်သုတ်သွားခဲ့ပါသလဲ.......
ဘ၀ဆိုတာ
ကျွန်တော့်ရှေ့က အရက်ခွက်လောက်
အ၀မကျယ်ပါဘူး
ဒါပေမယ့်
အဲဒီဘ၀ကြီးကြောင့်
ကျွန်တော်ဘာဖြစ်လို့မူးနေရပါသလဲ.....
အပြုံးတစ်ခုရဲ့အသက်က
ရင်ဘတ်ထဲကလာပါတယ်
ဒါပေမယ့်
လူတွေကိုရင်ထဲကမပါပဲပြုံးတတ်အောင်
ဘယ်သူကများသင်ပေးခဲ့ပါသလဲ......
တစ်ဦးမေတ္တာတစ်ဦးမှာတဲ့
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိပါသတဲ့
ဒါဆို
ကျွန်တော်ရင်နင့်အောင်ချစ်ရတဲ့ကောင်မလေးက
ကျွန်တော့်ကိုဘာလို့ပြန်မချစ်ပါသလဲ....
ဒီစကားတွေမှားကုန်ပါပြီလား......
ကြယ်ကြွေတုန်းဆုတောင်းလို့
ဆန္ဒပြည့်တယ်ဆိုရင်တောင်
ကျွန်တော့်မှာကောင်းကင်မရှိဘူးဗျ
သူ...ပစ်ချလိုက်ပြီလေ.....


Type rest of the post here

Thursday, May 15, 2008

အလွမ်းနှင့်လှေကလေး (သို့) အချစ်ပျောက်ရှာသူ

(၃)

အလွမ်းလေ....
မနက်ခင်းတိုင်း
သူရှိမယ်လမ်း
မျှော်မှန်းမိတယ်
ဟိုအရင်မနက်ခင်းတွေ
သူ့အဆင်းနဲ့ လင်းဘူးတယ်
ဟိုအရင်နှလုံးသားမှာ
သူ့အလှနဲ့ ပြာကြဘူးတယ်
ဟိုအရင်သူ့အကြည့်တွေ
စွဲလန်းယစ်မူး ရူးသွပ်ဘူးတယ်
သူတစ်ချက်အကြည့်
ရင်တစ်ချက်အခုန်
အိုး...ကမ္ဘာကြီးတုန်သွားပါသလား
နားထဲမှာချိုအေး
အသံလေးကြားလိုက်ရင်
ငှက်ကလေးတွေတေးဆို
စမ်းရေလိုအေးမြ
အရာအားလုံးဟာလှပလို့......
အခုတော့လည်း
နင်မရှိတဲ့ငါ့ဘဝ
ဘာမှကိုသုံးမရဘူး
နင်မရှိတဲ့မနက်ခင်း
ဘာနဲ့မှမလင်းဘူး
စမ်းရေလည်းခမ်း
ပန်းတွေလည်းနွမ်းလို့
တမ်းတစိတ်ဖြေ
လွမ်းသလောက်ပြေဖို့
(ငါလေ...)
ပန်းခြောက်လေးတွေစုထားမယ်.....


Type rest of the post here

အလွမ်းနှင့်လှေကလေး (သို့) အချစ်ပျောက်ရှာသူ

(၂)

အလွမ်းလေ......
အလွမ်းပြေအောင်
စမ်းရေကြောမှာ
ပန်းတွေမျှောမိတယ်
သူထားရက်ပေမယ့်
ကျွန်တော်ကမှမမေ့နိုင်တာလေ
ရင်ဘတ်ထဲက
မျှော်လင့်ရည်စူးထားတဲ့
စိတ်ကူးအိမ်မက်တွေ
သူ့အတွက်ရွေးသီထားတဲ့
စကားလုံးလေးတွေ
အခုတော့ နွမ်းကြွေခြောက်
လွမ်းဝေနောက်လို့
ငါ့ညတွေတောင်အကျည်းတန်နေရပြီ.......
ကောင်မလေးရေ.... ငါက
ပြုံးမပြတတ်ပေမယ့်
ဆုံးဘ၀ထိချစ်မယ့်သူပါ
နင်ထားရင်..နေ
နင်သတ်ရင်သေမှာပါ
အကြောင်းမလှလို့
မပေါင်းရရင်လည်း
နောက်ဘ၀ကိုမျှော်လင့်ဦးမယ်
ဘ၀အဆက်ဆက်
နောက်ဆုံးထွက်သက်အထိ
နှလုံးသားနဲ့ရင်းပြီး
နင့်ကိုချစ်နေဦးမယ်.....

Type rest of the post here

Wednesday, May 14, 2008

တမ်းခြင်း အလင်္ကာ

မွေးရပ်မြေအလှ
မမြင်ရတာကြာပြီ
ကျေးငှက်သာရကာ
တေးသံသာနဲ့
တောတောင်အလှ
မခံစားရတာကြာပြီ....
ဆည်းလည်းသံတစ်ညံညံနဲ့
စေတီပုထိုး
မရှစ်ခိုးရတာကြာပြီ.....
ရွာဦးကျောင်းက
တုံးမောင်းသံလည်း
မနက်ခင်းတိုင်းလွမ်းရတယ်....
ယာခင်းလေးဘေး
တိတ်တိတ်လေးနေတဲ့
အေးမြရိပ်ငြိမ်
အမေ့အိမ်လည်းလွမ်းတယ်
အမေ့အိမ်နောက်
မြေလမ်းဒေါင့်က
အေးမြကြည်လင်
ရေအိုးစင်လေးလည်းလွမ်းတယ်....
ငရုပ်သီးလှော်
ပဲသီးကြော်နဲ့
တို့စရာနွေးနွေး
ခေါင်းငုံ့လွေးရတဲ့
အမေ့လက်ရာ
မစားရတာကြာပြီ......
အမေ့အိမ်ဘေး
ငါမှေးစက်ရာ
ငြိမ်းညောင်းသာယာ
ကောက်ရိုးဖြာလည်းလွမ်းတယ်.....
ရေမြေခြားမှာ
ပညာရှာနေတဲ့ အမေ့သား
အားမာန်သစ်နဲ့
ရဲ့ဝံ့ချီမယ်...
ဟိုး....အနာဂါတ်ဆီ

Type rest of the post here

Monday, May 12, 2008

အလွမ်းနှင့်လှေကလေး (သို့) အချစ်ရှာသူ

(၁)

အလွမ်းလေ....
စမ်းရေကြောမှာ
ပန်းလေးတွေခေါ်
လွမ်းလှေကိုလှော်ခဲ့တယ်
ဘယ်ဆီမှာလဲ
မရေမရာနဲ့
ဝေဒနာကို
ရင်မှာအံခဲ
တစ်နေ့တွေ့မယ်
မျှော်လင့်ချက်နဲ့
တလည်ဝဲ၀ဲ
စမ်းရေထဲမှာ
ပန်းတွေမမွှေး
စမ်းရေလည်းမအေးဘူး..ချစ်သူ
ပန်းတွေနွမ်း
စမ်းရေခမ်းလည်း
ငါ...လှော်နေဦးမယ်
ချစ်ခြင်းကိုခွန်အားလုပ်
မျှော်လင့်လင့်ချက်ကိုလှော်တက်လုပ်လို့
မင်းရှိမယ့်နေရာ
လကမ္ဘာလည်း
ရောက်အောင်လာခဲ့မယ်
ငါ..မင်းကိုအရမ်းချစ်တယ်လေ
မကြင်နာဖယ်ခွာမုန်း
ရင်မှာတစ်သက်မမုန်းဘူး
ကမ္ဘာဆုံးတောင်
တွေ့အောင်ရှာမယ်.....


Type rest of the post here