Sunday, March 23, 2008

အသင်္ချေ....ည

တစ်ခါတစ်လေများ
ငါ...ကြားမိတယ်
လေတိုးသံလား
ကြယ်တွေငိုသံလား
လမင်းအလင်းကတော့
အေးမြ....လို့
သူ့...ကဗျာနဲ့
သူ့စာ....ငါ
ဖတ်ဖို့ကြိုးစားရင်း
လောကကြီး အမှောင်ကျ
ဒါ....ဘ၀....တဲ့
သူ....ပြောတယ်
နောက်တော့.....
မှောင်မိုက်ခြင်းများနဲ့
ငါ....တစ်ခါပြန်
နိုးထလာခဲ့ရ.....

Type rest of the post here