Saturday, May 10, 2008

ကမ္ဘာပြိုခြင်း

အဲဒီနေ့က
မိုးတွေရွာတယ်....
ငါလည်းမျက်ရည်တွေနဲ့ပေါ့
ကောင်းကင်ကမှောင်
လမင်းကမလင်း
ငါ့ကမ္ဘာကြီးမှောင်မည်းတိတ်ဆိတ်လို့......
မျှော်လင့်ချက်တွေ
ကျေကွဲပျက်ဆီး
လွမ်းခြင်းနဲ့လျှောက်
ဘယ်ကိုရောက်မလဲငါမသိတော့ဘူး
အိမ်မက်ဘူးတယ်
နင်ရယ်..ငါရယ်
အနာဂါတ်တွေရယ်
ချစ်ခြင်းတွေက
မျှော်လင့်ချက်တွေနဲ့တောက်ပလို့.......
စိတ်ကူးခဲ့သမျှ
ပျက်ဆီးခဲ့ပြီ
အကြင်နာတွေပျက်သုန်း
နင်...မုန်းခဲ့ပြီ
ငါနဲ့...ငါ့အိမ်မက်တွေကို
ရက်စက်စိမ်းကား
နင်ထားသွားပြီ......
ငါ့ဘ၀ထဲက
နင်ထွက်သွားပြီလို့တွေးမိတိုင်း
ဘယ်ဘက်ရင်အုံက
ဆစ်ခနဲနာကျင်တယ်.......

Type rest of the post here

Friday, May 9, 2008

ဆုတောင်းလေးတစ်ခု

ကောင်မလေးရေ....
မင်းနဲ့ငါ
အကြင်နာစစ်နဲ့
ရင်မှာချစ်ခဲ့ကြတယ်
အခြေအနေကွာခြား
မဆုံနိုင်အကြောင်းတရားတွေကို
မသိမသာမေ့လို့ပေါ့......
သံယောဇဉ်ကြိုး
ရစ်နှောင်တိုးလို့
ခိုင်မာဘဝ
တည်ဆောက်ကြမယ်လို့
စိတ်ကူးအိမ်မက်
မျှော်လင့်ချက်တွေနဲ့
မင်းရယ်..ငါရယ်
အနာဂါတ်တွေရယ်
တို့နှစ်ယောက်ညတွေက
လှပလို့ပေါ့.....
တစ်ကယ်လို့များ
အနေခြားခဲ့ရင်
မင်းရယ်..ငါရယ်
အတိတ်ကအကြောင်းလေးတွေရယ်ပေါ့
တစ်ဒင်္ဂမြင်ခဲ့ရတာမဟုတ်သလို
ခဏတာအပျော်ရှာခဲ့တာမဟုတ်ပါဘူး
တစ်ဘ၀ပေါင်းရဖို့
ရည်ရွယ်ဆုတောင်း
နှလုံးသားချင်းပေါင်းရစေ......


Type rest of the post here

မျှော်လင့်ချက်လေး

မရေမရာနဲ့
တစ်ခါပြောဘူးတယ်
´ချစ်ပါတယ် ´....တဲ့
ဝေေ၀၀ါးဝါးမို့
သေချာပြီလားလို့မေးတော့
သူစိတ်ကောက်တယ်
ချော့မလောက်တဲ့မာနတွေ
ယောက်ျားတစ်ယောက်ရဲ့မာန
မင်းရှေ့မှာအသာချ
မျက်ရည်တွေလမ်းခင်းပြတော့လည်း
ကျောက်ရုပ်လိုအသည်းနဲ့
ခံစားမှုကင်းစွာ
မင်းငါ့ကိုကျောခိုင်းသွားတယ်
ကောင်မလေးရေ.......
ငါ့ကိုငါထက်
မင်းကိုပိုချစ်ပါတယ်
ငါချစ်တာရဲ့နည်းနည်းလေးပဲပြန်ချစ်ပါ
ငါ....ရှင်သန်မှုက
ပြည့်စုံခမ်းနားစွာ
သင်းပျံ့မွှေးကြိုင်စွာ
လန်းဆန်းတက်ကြွစွာ........

Type rest of the post here

Wednesday, May 7, 2008

ပျောက်ဆုံးခြင်း

ကောင်မလေးရေ.......
အညတရနှလုံးသားနဲ့
အိမ်မက်တွေပြာချ
ဘ၀နဲ့မျှောချဘူးတယ်
မနက်ခင်းက လင်းမယ့်လင်းတော့လည်း
လေညှင်းလေးတောင်တိုက်လိုက်သေး
ဒီလိုနဲ့ပဲ...
ကြယ်စင်တွေကောက်
အိမ်မက်နဲ့ဖောက်သီ
ငါ..လွမ်းဖို့လေ့ကျင့်နေခဲ့တယ်
ညတွေကလည်းမှောင်မိုက်ဆဲ
လမ်းတွေကေ၀၀ါးဆဲ
ပန်းကလေးတွေအဖော်မဲ့
ရွက်ကြွေတောကငှက်ငယ်
တစ်ကိုယ်တည်း
ကျေကွဲအထီးကျန်
မျှော်ငေးလွမ်းဆွတ်စွာ......

Type rest of the post here

Sunday, May 4, 2008

ပန်းကြွေသမိုင်း

ပန်းကြွေသမိုင်း
အလွမ်းရိုင်းခဲ့
မပြည်မေတ္တာ
အကြင်နာနဲ့
သစ္စာမပျက်
ထားခဲ့ရက်သည်
မုန်းရက်လေသော....
အို...ချစ်သူ
ဖြေမပြည်လွမ်း
ရင်ဝယ်နွမ်း၍
အိပ်၍မပျော်
တမျှော်မျှော်နဲ့
မျက်ရည်တစ်စ
ရင်၌ကျသည်
မင်းမြင်ရဲ့လား
အို.....ချစ်သူ
တစ်သက်မှာတစ်ခါ
သာတဲ့လမင်း
ငါ့ညတွေကိုလင်းစေသူ
ခုတော့ဘယ်ရှောင်ပုန်း
ကောင်းကင်မှရှာ
ရင်ခွင်ကိုခွင်း
သူ...ရက်စက်ခဲ့တယ်
မြှားတစ်စင်းနဲ့
အကြွေပန်းရဲ့အလွမ်းသမိုင်း
နွမ်းနင့်နင့်ရိုင်းခဲ့ပြီ.........

Type rest of the post here