Thursday, July 3, 2008

ပန်းပွင့်လေးအားရေလောင်းခြင်း

လောကထဲသို့
အတောင်များထုတ်လိုက်ပါ၏
ကမ္ဘာမြေ၌
ပန်းများပွင့်ကြစေ
ငါ့မျက်ရည်များဖြင့်
လောကကြီးအေးချမ်းမည်လား
ဘ၀စာမေးပွဲမှာ
grade 5 နှင့်အောင်ဖို့မလိုဘူး
သူရှိရင်မနက်ခင်းတွေလင်းတယ်
ပြန်လာဖို့မျှော်ရတာ
အိမ်မက်တွေခမ်းကုန်ပြီ
အဖော်မဲ့ငှက်လေးတွေမြင်တိုင်း
နင့်ကိုအရမ်းလွမ်းတယ်
နင်ကြိုက်တဲ့သီချင်းတွေကြားတိုင်း......
နင့်ဓါတ်ပုံလေးကြည့်မိတိုင်း......
ကောင်မလေးရေ
ပြန်လာခဲ့နော်
ကြယ်မစုံလည်း
လမင်းသာလို့ရပါတယ်ဟာ


Type rest of the post here

မိုးခိုသူ

တစ်ခါတစ်ခါ
ငါဘာလဲဆိုတာငါမသိဘူး
ငါ့ဘ၀က တိမ်တွေမှိုင်းနေတတ်တယ်
မိုးကိုမျှော်ရင်း
ရေငတ်ပြီးသေဘူးတယ်
ကောင်းကင်မရှိတော့
အိမ်မက်ဦးကလမင်းမသာဘူး
အချစ် ဆိုတာ
ကော်ဖီတစ်ခွက်လောက်မှအနံ့မသင်းတာ
အရက်တစ်ခွက်လောက်ရော
မူးခဲ့လို့လား.....
ငါမခေါ်ပဲလာတယ်
ငါမနှင်ပဲပြန်တယ်
နင်က...မိုးခိုသူပါ
မိုးရွာတုန်းခဏလေး
ငါ့နှလုံးသားအောက်
နင်ဝင်ရောက်ခဲ့တာ
ကျေနပ်ပါတယ်လေ
နင်မိုးမစိုခဲ့ပါဘူး
နောက်တစ်ခါမိုးရွာရင်
ငါ့ရင်ခွင်ခိုဝင်လှည့်ဦးနော်
ငါ...နင့်ကိုကာကွယ်ပေးမယ်


Type rest of the post here

ကဗျာဆရာ (၂)

ငါ့မနက်ခင်းက
စကားလုံးတွေနဲ့မွှေးပျံ့နေတတ်တယ်
ဘယ်သူမှမသိတဲ့
ခပ်ရင်ရင့်အရောင်တွေနဲ့
ငါ့ကောင်းကင်ကလင်းတယ်
ဘာမှမလိုပါဘူး
ကဗျာရှိရင်ဖြစ်တယ်
ဇရာပဲအိုအို
ကမ္ဘာပဲပြိုပြို
ကဗျာကိုတော့မစွန့်လွှတ်ဘူး
ဒါ...ကျိန်စာမဟုတ်ဘူး
သစ္စာတရားနဲ့
နှလုံးသားရဲ့
ဟိုး.....အနက်ရှိုင်းဆုံးနေရာက
မှီတွယ်မှုကင်းတဲ့
အလင်းမဲ့အော်သံ
နယူတန်ရဲ့နိယာမလို
တန်ပြန်သက်ရောက်မှုရှိရင်တော့
ဒီကမ္ဘာမှာ
ငါ့ကဗျာတွေလင်းစေသား.......


Type rest of the post here