Thursday, May 1, 2008

လွမ်းဝေ

အချစ် က ပန်းသီးတစ်လုံးဆိုရင်
ငါက...တစ်ကိုက်လောက်စားမိပြီး
အဆိပ်သင့်ခဲ့တဲ့ငှက်တစ်ကောင်ပေါ့......
တစ်ကယ်ပါ........
ကြယ်စင်တွေကိုယ်ထင်ပြ
လမင်းကြီးပြုံးပြတဲ့ညပေါ့
အိမ်မက်ခြောက်နဲ့
ပန်းကောက်ခဲ့တယ်
အလွမ်းမပြေ
ရင်ခွင်ကြောမှာ
ပန်းတွေဝေ
စမ်းတွေခမ်း
ရွက်ကြွေလမ်းမှာ
အနမ်းတွေ
မှန်းခြွေလွမ်း
သူသိရင်
ကျေနပ်မယ်လို့
တမ်းတဆုခြွေ
အလွမ်းပြေဖို့
တစ်ခါတစ်ခေါက်
စိတ်တွေရောက်ရင်
မှန်းဝေတမ်းတ
မောင့်ဘ၀ဆီ
ခိုဝင်တမ်းတ
သတိရပါလေ............

Type rest of the post here

Monday, April 28, 2008

ကမ္ဘာသစ်

(မင်းအတွက်)
အကြင်နာကို
အလင်္ကာ ကဗျာနဲ့
အဆင်တန်ဆာပြုတော့
ကမ္ဘာမှာပြိုင်စံရှား
အလှတရားတစ်ပါးလို
ပန်းလေးတွေ...ငို
စမ်းရေတွေ...ချို
အရာရာကိုပိုင်စိုး
ဘယ်လိုဘ၀မျိုးမှာဖြစ်ဖြစ်
မင်းကိုချစ်နေမှာပါ.........
ဒါ....သစ္စာတရား
အရမ်းထက်တဲ့ ဓါးလို
အန္တရာယ်မှန်သမျှ
ကျော်လွှားပြမယ်
လာပါ.....ချစ်သူ
ငြိမ်းချမ်းတဲ့ နေရာတစ်ခု
ရောက်အောင်သွားကြမယ်
ငါ့ ရင်ခွင်နဲ့
မင်း...ငြိမ်းချမ်းလှည့်ပါ
ငါဘာမှမသိဘူး
မင်းကိုပဲချစ်တယ်............

Type rest of the post here

ချစ်သူဆီ

အကြင်နာ
ဖယ်ကာလှစ်
အပြစ်ရှာ အမုန်းများနဲ့
ပစ်ခွာထားရစ်သူ
ရင်ထဲမှာ မှောင်မိုက်ကျွမ်း
လွမ်းခဲ့ရပြီပေါ့..........
ဝေဒနာကို
ဖြေစရာမတွေ့ဘူး
သေရာပါတော့မှာလားလေ
ဖော်ဝေးငှက်ငယ်
တစ်ကိုယ်တည်း
ကျေကွဲအထီးကျန်
မျှော်ငေးလွမ်းဆွတ်စွာ
ချစ်သူ...မင်း
ပြန်ရောက်မယ့်လမ်း
မှန်းမျှော်တမ်းတ
သတိရရင်
အကြင်နာလမ်းဆီ
ပြန်လာခဲ့နော်...........

Type rest of the post here