L = Lake of sorrow ( ၀မ်းနည်းပူဆွေး ရေအိုင် )
O = ocean of tears ( မျက်ရည်သမုဒ္မရာ)
V = Valley of death ( မရဏတောင်ကြား )
E = End of live ( ဘ၀နိဂုံး ) ......ပါတဲ့
Type rest of the post here
Thursday, March 20, 2008
အမြဲတမ်း...မင်း
ဝေးလံခေါင်သီတဲ့
လူသူဝေးတဲ့ တောထဲက
တောင်မြင့်မြင့်တစ်ခုပေါ်
ငါ...ရောက်နေခဲ့တယ်
ဘယ်နေရာကြည့်ကြည့်
တောရယ်..တောင်ရယ်
ပြီးတော့......
ငါတို့ကိုသတ်မယ့် ရန်သူတွေရယ်
အန္တရယ်အထပ်ထပ်
ရိက္ခာပြတ်နေတဲ့ကြားကလည်း
မင်းကိုသတိရတာပဲ
မျက်လုံးမှိတ်ရင်
မင်းကိုမြင်လို့
နားမစွင့်လည်း
မင်းအသံကြားတယ်
ည...သန်းခေါင်ကျော်
တောရိုင်းကောင်တွေ အသံနဲ့
ခပ်ဝေးဝေးဆီက
မိုင်းကွဲသံကြားလိုက်တော့လည်း
မင်းကိုလွမ်းတာပဲ
၁၆.၃.၂၀၀၆
တခေါ်ဘီခွီး ရှေ့တန်းခြေကုပ်
ကရင်ပြည်နယ်
လူသူဝေးတဲ့ တောထဲက
တောင်မြင့်မြင့်တစ်ခုပေါ်
ငါ...ရောက်နေခဲ့တယ်
ဘယ်နေရာကြည့်ကြည့်
တောရယ်..တောင်ရယ်
ပြီးတော့......
ငါတို့ကိုသတ်မယ့် ရန်သူတွေရယ်
အန္တရယ်အထပ်ထပ်
ရိက္ခာပြတ်နေတဲ့ကြားကလည်း
မင်းကိုသတိရတာပဲ
မျက်လုံးမှိတ်ရင်
မင်းကိုမြင်လို့
နားမစွင့်လည်း
မင်းအသံကြားတယ်
ည...သန်းခေါင်ကျော်
တောရိုင်းကောင်တွေ အသံနဲ့
ခပ်ဝေးဝေးဆီက
မိုင်းကွဲသံကြားလိုက်တော့လည်း
မင်းကိုလွမ်းတာပဲ
၁၆.၃.၂၀၀၆
တခေါ်ဘီခွီး ရှေ့တန်းခြေကုပ်
ကရင်ပြည်နယ်
အချစ် = မှောင်မိုက်ခြင်း
သူ့အတွက်
ဖြူစင်စွာ ကျဆုံးရင်း
ပန်းတွေမမွှေးတဲ့
အိမ်မက်ကြမ်းကြမ်းတွေ
ကြယ်ကြွေညနဲ့အတူ
ပျောက်ဆုံးခဲ့ပြီ.....
မပြီးသေးတဲ့ အိမ်မက်
မနိုးသေးတဲ့ အာရုဏ်ဦး
မလင်းသေးတဲ့ ငါ့ညတွေ
လမင်းပျောက်ရှာရင်း
အမှောင်ထဲမှာ နေသားကျခဲ့ပြီ
တစ်ကယ်တော့....“ အချစ် “ ဆိုတာ
ငါ့ အတွက်တော့
လမင်းမသာတဲ့ ကောင်းကင်တစ်ခုပါ.........
ဖြူစင်စွာ ကျဆုံးရင်း
ပန်းတွေမမွှေးတဲ့
အိမ်မက်ကြမ်းကြမ်းတွေ
ကြယ်ကြွေညနဲ့အတူ
ပျောက်ဆုံးခဲ့ပြီ.....
မပြီးသေးတဲ့ အိမ်မက်
မနိုးသေးတဲ့ အာရုဏ်ဦး
မလင်းသေးတဲ့ ငါ့ညတွေ
လမင်းပျောက်ရှာရင်း
အမှောင်ထဲမှာ နေသားကျခဲ့ပြီ
တစ်ကယ်တော့....“ အချစ် “ ဆိုတာ
ငါ့ အတွက်တော့
လမင်းမသာတဲ့ ကောင်းကင်တစ်ခုပါ.........
ရင်ထဲက...နွေ
ရာသီတွေ ပြောင်း
ရက်တွေဟောင်းလို့
လောကရာသီစက်ဝန်းမှာ
နွေ..ဆိုတာ ရောက်ခဲ့ပြန်ပြီ
မမေ့နိုင်တဲ့ ဧပရယ်
မမြင်နိုင်တဲ့ မင်းရုပ်လွှာကို
အိမ်မက်ထဲမှာပဲ ရှာနေရတယ်
မင်းမရှိတဲ့ နေရာမှာ
ပိတောက်တွေ မမွှေးဘူး
သတိရတယ် ချစ်သူရယ်
မင်း..သိနိုင်ပါ့မလား
ပိတောက်တွေဝေတဲ့
ရေတွေကြားမှာ
မင်း...ပျော်နေမှာပါ
တစ်ဖက်သက်အလွမ်းနဲ့
ငါကတော့.....ရင်နင့်ကြေကွဲ....လို့
နွေရဲ့ ဥဩလေးတွေရဲ့
ချစ်သူသိအောင် ပြောပေးကြပါနော်
ငါ....လွမ်းနေတယ်.....လို့
ရက်တွေဟောင်းလို့
လောကရာသီစက်ဝန်းမှာ
နွေ..ဆိုတာ ရောက်ခဲ့ပြန်ပြီ
မမေ့နိုင်တဲ့ ဧပရယ်
မမြင်နိုင်တဲ့ မင်းရုပ်လွှာကို
အိမ်မက်ထဲမှာပဲ ရှာနေရတယ်
မင်းမရှိတဲ့ နေရာမှာ
ပိတောက်တွေ မမွှေးဘူး
သတိရတယ် ချစ်သူရယ်
မင်း..သိနိုင်ပါ့မလား
ပိတောက်တွေဝေတဲ့
ရေတွေကြားမှာ
မင်း...ပျော်နေမှာပါ
တစ်ဖက်သက်အလွမ်းနဲ့
ငါကတော့.....ရင်နင့်ကြေကွဲ....လို့
နွေရဲ့ ဥဩလေးတွေရဲ့
ချစ်သူသိအောင် ပြောပေးကြပါနော်
ငါ....လွမ်းနေတယ်.....လို့
Wednesday, March 19, 2008
ဟိုး........အတိတ်ဆီ

နွေရနဲ့က ဥဩငှက်ရဲ့တွန်သံနဲ့အတူ ပြတင်းပေါက်ကို လာရိုက်ခတ်တယ်....ဪ...ပိတောက်တွေပွင့်တော့မယ်...ပိတောက်ကိုသိပ်ချစ်တဲ့ သူတစ်ယောက် ဘယ်ကိုများရောက်နေပြီလဲ...ငါကတော့ နင်ဘယ်တော့မှပြန်မလာနိုင်တော့တဲ့ နေရာလေးမှာ ...နင်သိပ်ကြိုက်တဲ့ ပိတောက်ပန်းတွေနဲ့အတူ...မျှော်လင့်နေဆဲပါ.....နွေရောက်လို့ ပိတောက်ပွင့်ပြီဆို အိမ်ရှေ့က ပိတောက်ပင်အောက် ခုံတန်းလေးမှာ နင်ရယ် ငါရယ် ပြီးတော့...နင်သိပ်ချစ်တဲ့ ပိတောက်ပန်းလေးတွေရယ်...အဲဒီတုန်းက ငါ သိပ်ပျော်ခဲ့တာပေါ့ ...ကံတရားကို ငါ ကြိုမြင်လို့မရခဲ့ဘူးလေ...နင်သိရဲ့လား...အခုဆို အိမ်ရှေ့က ပိတောက်တွေ ၀ါထိန်အောင်ပွင့်နေကြတော့မှာဟ...သူတို့တွေ သခင်မဲ့နေတာ ( ၆ ) နှစ်ကျော်ပြီပေါ့...ပိတောက်တွေ ငိုနေကြပြီ
နွေရောက်လို့ ပိတောက်ပွင့်တိုင်း အိမ်ရှေ့ကထိုင်ခုံလေးမှာ ငါ...နင်ချစ်တဲ့ပိတောက်တွေနဲ့...ငါ ချစ်တဲ့နင့်ကို စောင့်မျှော်နေဆဲပါ...ပိတောက်
တွေနဲ့ ငါ့မျက်ရည်တွေ နင်မြင်နိုင်ရင် ပြန်လာခဲ့ပါနော်...ပိတောက်တွေနဲ့ ငါ စောင့်နေမယ်.......
ဘ၀မှတ်တိုင်
ဒီ Blog လေးက ကျွန်တော်ရဲ့ခံစားမှုစိတ်အစဉ်ကို ဖွင့်ဟထုတ်ဖော်ရာ နူးညံ့ညင်သာတဲ့ ဒေသလေးတစ်ခုပါ...ကျွန်တော် ဘ၀ ရဲ့ မှတ်တိုင်လေးတစ်ခုဆိုလည်း မှားမယ်မထင်ပါဘူး....နောင်နှစ်ပေါင်းများစွာ ကျွန်တော် ဒီလောကကြီးမှာ မရှိနိုင်တော့တဲ့အချိန်ထိ ဒီ Blog လေးက ကျွန်တော့် နှလုံးသားနဲ့အတူ တည်ရှိနေဦးမှာပါ...ဒီ Blog လေးမှာ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေ အိမ်မက်တွေ ထည့်သွင်းထားပါတယ်...အိမ်မက်တွေကို ကာရန်တွေနဲ့ပေါင်းစည်း မျှော်လင့်ချက်တွေ ခင်းကျင်းတဲ့ ဒီ နေရာလေးဟာ...“ ကဗျာပန်းခင်းလေး “ ....ပေါ့ဗျာ.................ကျွန်တော် စိုက်ပျိုးထားတဲ့ ပန်းလေးတွေရဲ့ ရနံ့ နဲ့ အလွမ်းမီးတွေ ငြိမ်းကြပါစေ..........လို့
Tuesday, March 18, 2008
အလွမ်းအကြောင်း
လောကကြီးမှာ......ကြေကွဲစရာအကြောင်းတွေ အများကြီးရှိပါတယ်...ကိုယ်ပေးသလောက် သူ့ဆီက ပြန်မရတဲ့အခါ...ကိုယ်ချစ်သလောက် သူ ပြန်မချစ်တဲ့အခါ...ကိုယ်က မျှော်လင့်တကြီး စောင့်စားနေပေမယ့် ..သူ ရောက်မလာတဲ့အခါ....အဆိုးဆုံးကတော့ ကိုယ်လွမ်းနေတာကို
သူ...အသိအမှတ်မပြုတဲ့ အခါ......
ဝမ်းနည်မှုနဲ့
မျက်ရည်စို
အလွမ်းဆိုတာ
ချို လို့များ ငါက လွမ်းနေတာလား
အမှန်အတိုင်းပြောရရင်
ဘယ်လွမ်းချင်ပါ့မလည်းလေ..........
ဒါပေမယ့်
ကံတရားက
ရှောင်သွားလို့မှ မရပဲ
အလွမ်းကဗျာ
လွမ်းသံသာနဲ့
လွမ်းမိုးဆွေရာ
လွမ်းနေရာမို့
အလွမ်းပန်းလေး......လန်းနေတယ်
သူ...အသိအမှတ်မပြုတဲ့ အခါ......
ဝမ်းနည်မှုနဲ့
မျက်ရည်စို
အလွမ်းဆိုတာ
ချို လို့များ ငါက လွမ်းနေတာလား
အမှန်အတိုင်းပြောရရင်
ဘယ်လွမ်းချင်ပါ့မလည်းလေ..........
ဒါပေမယ့်
ကံတရားက
ရှောင်သွားလို့မှ မရပဲ
အလွမ်းကဗျာ
လွမ်းသံသာနဲ့
လွမ်းမိုးဆွေရာ
လွမ်းနေရာမို့
အလွမ်းပန်းလေး......လန်းနေတယ်
ပန်းကြွေသမိုင်း
ပန်းကလေးတစ်ပွင့်
လန်းစွင့်တဲ့ အချိန်
သူသူငါလူယက်
လိုချင်တပ်မက်ကြတယ်......
သူတို့တွေ ပန်တော်ကျ
နွမ်းလျလို့သွားတော့
ပန်းကလေး လေ..........
မြေမှာသက်ဆင်း
အများရဲ့စွန့်ပယ်ခြင်းမှာ
ကြွေလွင့်နွမ်းရပြီပေါ........
လန်းစွင့်တဲ့ အချိန်
သူသူငါလူယက်
လိုချင်တပ်မက်ကြတယ်......
သူတို့တွေ ပန်တော်ကျ
နွမ်းလျလို့သွားတော့
ပန်းကလေး လေ..........
မြေမှာသက်ဆင်း
အများရဲ့စွန့်ပယ်ခြင်းမှာ
ကြွေလွင့်နွမ်းရပြီပေါ........
ဘုံဆိုင်လေး....သို့
နေညိုညို
လေပြိုတဲ့အခါ
ဖော်တစ်သင်း
ပျော်ခင်းကိုဖန်
သီချင်းမြူးနဲ့
မူးရူးပြီးပြန်
အချိန်မှန်အချက်ပေး
လေချိုအေးနဲ့
ညနေညိုတေး
ဆိုချင်သေးတယ်
ဘုံဆိုင်လေးရေ......
ဘယ်နိုင်ငံမှာ
ဘယ်လိုသောက်သောက်
မင်းရဲ့ ကော်ပန်းကန်ထဲက
ပဲကြီးလှော်လေးတွေကို
ငါ အမြဲ....လွမ်းဆွတ်နေဆဲပါ.......
လေပြိုတဲ့အခါ
ဖော်တစ်သင်း
ပျော်ခင်းကိုဖန်
သီချင်းမြူးနဲ့
မူးရူးပြီးပြန်
အချိန်မှန်အချက်ပေး
လေချိုအေးနဲ့
ညနေညိုတေး
ဆိုချင်သေးတယ်
ဘုံဆိုင်လေးရေ......
ဘယ်နိုင်ငံမှာ
ဘယ်လိုသောက်သောက်
မင်းရဲ့ ကော်ပန်းကန်ထဲက
ပဲကြီးလှော်လေးတွေကို
ငါ အမြဲ....လွမ်းဆွတ်နေဆဲပါ.......
လမ်းကလေးမှာ
ခရစ်စမတ်ည
အေးမြတဲ့ ဒီဇင်ဘာ
မျှော်ငေးတသသ
ဖော်ဝေးရတဲ့ ဘ၀မှာ
သူများလာလေမလား
လာနေကြလမ်းလေး
မျှော်ငေးကြည့်ပြန်တော့
အဖြူရောင်နှင်းများကြားမှာ
လမ်းကလေးကလည်း
အဖော်မဲ့.....လို့
အေးမြတဲ့ ဒီဇင်ဘာ
မျှော်ငေးတသသ
ဖော်ဝေးရတဲ့ ဘ၀မှာ
သူများလာလေမလား
လာနေကြလမ်းလေး
မျှော်ငေးကြည့်ပြန်တော့
အဖြူရောင်နှင်းများကြားမှာ
လမ်းကလေးကလည်း
အဖော်မဲ့.....လို့
ဖြူစင်ပန်းလေး
သံသရာတစ်ကွေ့မှာ
ဆုံတွေ့ကြတယ်
သူငယ်ချင်းရေ......
အဖြူရောင်ပန်းလေးတွေမြင်တိုင်း
နင့်ကိုသတိရတယ်
ပန်းလေးတွေ
နွမ်းသွားပေမယ့်
ငါ့ရင်ထဲမှာ
( ထာဝရ )
လန်းစွင့်နေမှာပါ.....
သံယောဇဉ်ကြိုးတွေ
ရစ်နှေင်တိုးလို့
( ငါတို့တွေ )......
မမုန်းကြေးနော်
( အဖြူရောင် သံယောဇဉ်နဲ့ ခင်တွယ်ရသူ....)
ဆုံတွေ့ကြတယ်
သူငယ်ချင်းရေ......
အဖြူရောင်ပန်းလေးတွေမြင်တိုင်း
နင့်ကိုသတိရတယ်
ပန်းလေးတွေ
နွမ်းသွားပေမယ့်
ငါ့ရင်ထဲမှာ
( ထာဝရ )
လန်းစွင့်နေမှာပါ.....
သံယောဇဉ်ကြိုးတွေ
ရစ်နှေင်တိုးလို့
( ငါတို့တွေ )......
မမုန်းကြေးနော်
( အဖြူရောင် သံယောဇဉ်နဲ့ ခင်တွယ်ရသူ....)
ပန်ကြားချက်
ကျွန်တော်ရဲ့ စာမျက်နှာလေးကို အလွမ်းတွေနဲ့ ပြည့်နေတယ်လို့ ပြောချင်ပြောကြပါလိမ့်မယ်....
လက်ခံပါတယ်.........ဘာဖြစ်လို့လည်းဆိုတော့...ကျွန်တော်က အလွမ်းနဲ့ပျော်နေတဲ့သူမို့ပါ......
ဟိုး....ကောင်းကင်က ကြယ်စင်လေးတွေလိုပေါ့.....သူတို့တွေ လူမသိ သူမသိ ကြွေနေကြသလို..
ကျွန်တော်ကလည်း ဆိုင်သူမသိပဲလွမ်းနေရသူလေ...တစ်ခါတစ်လေကြတော့လည်း မလွမ်းချင်တော့ဘူးဗျာ
အိမ်မက်ခြောက်နဲ့ပဲ ပန်းကောက်ချင်တော့တယ်...ဟုတ်တယ်လေ...ကျွန်တော့် ည တွေက လမင်းမှမသာခဲ့ပဲဗျ.....
လက်ခံပါတယ်.........ဘာဖြစ်လို့လည်းဆိုတော့...ကျွန်တော်က အလွမ်းနဲ့ပျော်နေတဲ့သူမို့ပါ......
ဟိုး....ကောင်းကင်က ကြယ်စင်လေးတွေလိုပေါ့.....သူတို့တွေ လူမသိ သူမသိ ကြွေနေကြသလို..
ကျွန်တော်ကလည်း ဆိုင်သူမသိပဲလွမ်းနေရသူလေ...တစ်ခါတစ်လေကြတော့လည်း မလွမ်းချင်တော့ဘူးဗျာ
အိမ်မက်ခြောက်နဲ့ပဲ ပန်းကောက်ချင်တော့တယ်...ဟုတ်တယ်လေ...ကျွန်တော့် ည တွေက လမင်းမှမသာခဲ့ပဲဗျ.....
ညီနောင်များ......သို့
မြူနှင်းဖြူအောက်
ငါတို့ရောက်ခဲ့
ပညာသင်ကြား
အမိသားတို့
ကြိုးစားကျက်မှက်
တိုင်းပြည်အတွက်
ကိုယ်ရေးကိုဖယ်
အားလုံးကိုပယ်လို့
တိုင်းကျိုးပြည်ကျိုး
ဆတိုးနိုင်ဖို့
ကြိုးစားကြစို့
ဒို့.....ညီနောင်တို့.............
ငါတို့ရောက်ခဲ့
ပညာသင်ကြား
အမိသားတို့
ကြိုးစားကျက်မှက်
တိုင်းပြည်အတွက်
ကိုယ်ရေးကိုဖယ်
အားလုံးကိုပယ်လို့
တိုင်းကျိုးပြည်ကျိုး
ဆတိုးနိုင်ဖို့
ကြိုးစားကြစို့
ဒို့.....ညီနောင်တို့.............
အကြွေပန်း
ရင်ခွင်ပန်းခင်းမှာ
အကြင်နာပန်းတစ်စင်း
နေခြည်သန်းလို့
လန်းဆန်းနေတယ်......
ပန်လိုရင်ကေသာဦးမှာ
မောင်ခူးလို့ပန်ပေးမယ်
ခြွေလိုရင်ညွတ်တွား
သခင့်..ခြေဖ၀ါးအောက်
ကြွေရောက်လို့ပေးပါ့မယ်.........
အကြင်နာပန်းတစ်စင်း
နေခြည်သန်းလို့
လန်းဆန်းနေတယ်......
ပန်လိုရင်ကေသာဦးမှာ
မောင်ခူးလို့ပန်ပေးမယ်
ခြွေလိုရင်ညွတ်တွား
သခင့်..ခြေဖ၀ါးအောက်
ကြွေရောက်လို့ပေးပါ့မယ်.........
ကြယ်ကြွေည..အလွမ်းကဗျာ
အကြင်နာ
ဖယ်ကာလှစ်
အပြစ်ရှာ
အမုန်းများနဲ့
ပြစ်ခွာထားရစ်သူ......
ရင်ထဲမှာ
မှောင်မိုက်ကျွမ်း
လွမ်းခဲ့ရပြီပေါ့......
ဝေဒနာကို
ဖြေစရာမတွေ့ဘူး
သေရာပါတော့မှာလားလေ.......
ဖယ်ကာလှစ်
အပြစ်ရှာ
အမုန်းများနဲ့
ပြစ်ခွာထားရစ်သူ......
ရင်ထဲမှာ
မှောင်မိုက်ကျွမ်း
လွမ်းခဲ့ရပြီပေါ့......
ဝေဒနာကို
ဖြေစရာမတွေ့ဘူး
သေရာပါတော့မှာလားလေ.......
သခင်
ချစ်သူ..မင်းက
ညမှာလင်းတဲ့
လမင်းဖြစ်ခဲ့ရင်
ချစ်သူအနား
မြဲခစားဖို့
ကြယ်စင်လေးတွေဖြစ်ချင်တယ်
ချစ်သူက.....
အေးမြကြည်သာ
ရေကန်တစ်ခါဖြစ်ခဲ့ရင်
ချစ်သူအလှ
တိုးဝေဖြဖို့
ကြာပန်းလေးတွေဖြစ်ချင်တယ်
ချစ်သူက.....
ကမ်းလမ်းမမြင်
ပင်လယ်ပြင်ဖြစ်ခဲ့ရင်
လှိုင်းလုံးလေးတွေအလား
မင်းအနားကမခွာ
တစ်သားတည်းရှိပါ့မယ်
ချစ်သူက.....
အစဉ်လန်းစွင့်
နှင်းဆီပန်းတစ်ပွင့်ဖြစ်ခဲ့ရင်
သခင့်ရန်ဘေး
ကာကွယ်ပေးဖို့
ဆူးခက်လေးတွေဖြစ်ချင်တယ်.....
( သက်ဆိုင်သူ....သို့.......)
ညမှာလင်းတဲ့
လမင်းဖြစ်ခဲ့ရင်
ချစ်သူအနား
မြဲခစားဖို့
ကြယ်စင်လေးတွေဖြစ်ချင်တယ်
ချစ်သူက.....
အေးမြကြည်သာ
ရေကန်တစ်ခါဖြစ်ခဲ့ရင်
ချစ်သူအလှ
တိုးဝေဖြဖို့
ကြာပန်းလေးတွေဖြစ်ချင်တယ်
ချစ်သူက.....
ကမ်းလမ်းမမြင်
ပင်လယ်ပြင်ဖြစ်ခဲ့ရင်
လှိုင်းလုံးလေးတွေအလား
မင်းအနားကမခွာ
တစ်သားတည်းရှိပါ့မယ်
ချစ်သူက.....
အစဉ်လန်းစွင့်
နှင်းဆီပန်းတစ်ပွင့်ဖြစ်ခဲ့ရင်
သခင့်ရန်ဘေး
ကာကွယ်ပေးဖို့
ဆူးခက်လေးတွေဖြစ်ချင်တယ်.....
( သက်ဆိုင်သူ....သို့.......)
သဘာဝ
ကြယ်တွေစုံလို့
ဘယ်လောက်လှလှ
ည ဟာ ည ပါပဲ.....
လမင်းသာလို့
ဘယ်လောက်လင်းလင်း
နေ့ခင်းကိုတော့မမှီပါဘူး....
ဒါကြောင့်....
ကြယ်တွေကိုမျော်
လမင်းကိုတပြီး
ညခင်းမှာပျော်နေမယ့်အစား
ကူတွယ်မဲ့လင်းတဲ့
နေ့ခင်းမှာပျော်လိုက်စမ်းပါလား.....
(အလှအရမ်းပြင်သော...ကောင်မလေးများ...သို့.....)
ဘယ်လောက်လှလှ
ည ဟာ ည ပါပဲ.....
လမင်းသာလို့
ဘယ်လောက်လင်းလင်း
နေ့ခင်းကိုတော့မမှီပါဘူး....
ဒါကြောင့်....
ကြယ်တွေကိုမျော်
လမင်းကိုတပြီး
ညခင်းမှာပျော်နေမယ့်အစား
ကူတွယ်မဲ့လင်းတဲ့
နေ့ခင်းမှာပျော်လိုက်စမ်းပါလား.....
(အလှအရမ်းပြင်သော...ကောင်မလေးများ...သို့.....)
မိုးမျှော်တေး
ရင်ဝယ်လွမ်းတေး
သီဆိုကြွေး၍
မျှော်တွေးဘယ်ခါ
တွေ့ရပါလိမ့်
နေ့ညမပြတ်
လွမ်းတတ်နေပြီ
မျှော်၇ည်မှန်းဆ
လွမ်းရတာတွေ
ရင်မှာမျိုသိပ်
တိတ်တိတ်ရယ်ဆို
အလွမ်ညည်းချင်း
ကျေကွဲသီချင်း
ချစ်သူမသိ
ကာရန်မရှိ
နေညိုညချမ်း
( အဲဒီ ) ရွက်ကြွေလမ်းမှာ
ဖော်ဝေးနေသူ
ဒီလူ့ရင်အား
မိုးတစ်ပြိုက်မျှ
ရွာသွန်းလိုက်ပါ.....
သီဆိုကြွေး၍
မျှော်တွေးဘယ်ခါ
တွေ့ရပါလိမ့်
နေ့ညမပြတ်
လွမ်းတတ်နေပြီ
မျှော်၇ည်မှန်းဆ
လွမ်းရတာတွေ
ရင်မှာမျိုသိပ်
တိတ်တိတ်ရယ်ဆို
အလွမ်ညည်းချင်း
ကျေကွဲသီချင်း
ချစ်သူမသိ
ကာရန်မရှိ
နေညိုညချမ်း
( အဲဒီ ) ရွက်ကြွေလမ်းမှာ
ဖော်ဝေးနေသူ
ဒီလူ့ရင်အား
မိုးတစ်ပြိုက်မျှ
ရွာသွန်းလိုက်ပါ.....
ဆုတောင်း
အလွမ်းကဗျာ
အကြင်နာ...သို့
မှန်းဆရည်စူး
ရေးစပ်ဖူးသည်...
“ ရင်ဝယ်အချစ်
အမှန်စစ်လျှင်
ချစ်သူသိအောင်
ပြောပြပေးပါ
သော်တာလမင်း
အို.....အလင်းရယ်.....”
အကြင်နာ...သို့
မှန်းဆရည်စူး
ရေးစပ်ဖူးသည်...
“ ရင်ဝယ်အချစ်
အမှန်စစ်လျှင်
ချစ်သူသိအောင်
ပြောပြပေးပါ
သော်တာလမင်း
အို.....အလင်းရယ်.....”
ကဗျာချစ်သူများ.....သို့
ဘယ်သူပဲ ဖြစ်ဖြစ်...တစ်စုံတစ်ယောက်...( သို့ ) တစ်စုံတစ်ခုကို ...လွမ်းနေတဲ့အခါ...ဒီကဗျာလေးတွေကို...ဖတ်ပြီး အလွမ်းဖြေနိုင်ကြပါစေ.....
Subscribe to:
Posts (Atom)