Friday, June 20, 2008

အေးချမ်းပါစေ..ကမ္ဘာမြေ

ဖြူစင်သန့်ရှင်း
မေတ္တာလင်း၍
အမုန်းကင်းစင်
လူသားရင်၌
နူးညံ့သာယာ
လင်းကမ္ဘာသို့
အမှောင်ကိုခွင်း
အလင်းပေးလျှင်
ငါတို့ပျော်ရာ
ဤကမ္ဘာသည်
ငြိမ်းချမ်းသာယာရှိလိမ့်မည်.....
တစ်ဦးမေတ္တာ
တစ်ဦးမှာသို့
ခွင့်လွှတ်ခြင်းလျှင်
အောင်နိုင်ရာသည်
ဒေါသထိန်းချုပ်
အမုန်းရုပ်၍
သည်းခံခြင်းဖြင့်ငြိမ်းချမ်းကြစေ.....
လူတို့ဌာနေ
ကမ္ဘာမြေကြီး
အမုန်းကင်းစင်
ချမ်းမြေ့ရွှင်အောင်
ပန်းတို့ဝေသီ
မွှေးပျံ့ကြည်အောင်
အားနည်းသောသူ
ဝိုင်းဝန်းကူ၍
ညှာတာထောက်ထား
မေတ္တာပွားစေ
ဒေါသအစား
နှလုံးသားဖြင့်
အပြုံးများလုပ်
အမုန်းထုပ်၍
အေးမြကြည်လင်
ပျော်ရွှင်ကြစေ
ကမ္ဘာမြေကြီးငြိမ်းချမ်းစေ.....



Type rest of the post here

Sunday, June 15, 2008

ရေမြေခြားမှာ သာတဲ့ “ လ “

အမေ့အိမ်
စိတ်ငြိမ်တဲ့လမ်း
မှန်းဆတမ်းရည်
ဒီခရီးသာရင်ဖြင့်
မကြာတစ်ခေါက်
အရောက်လာမယ်..အမေ
သားကိုမျှော်
တော်ရာမှာနေလို့
မခေါ်ရက်တာသားသိတယ်..အမေ
အမေသိပ်မှ
အိပ်တတ်တဲ့ သား
အမေချက်မှ
စားတတ်တဲ့ သား
အမေ့ရင်ခွင်ကြား
ခေါင်းလေးထားချင်သေးတယ်..အမေ
အမေ့အနမ်း
ပန်းရေချမ်းလို
သင်းထုံပျံ့မွှေး
အားမာန်ပေးတယ်
အာရုဏ်တက်
မနက်လင်းရင်
ကျက်သရေအပေါင်း
ခညောင်းဝေဖြာတဲ့
အမေ့တရားသံသာ
တစ်ခါကြားချင်
ရင်ဝယ်တမ်းတ
မှန်းဆရည်စူး
စိတ်ကူးနဲ့သာဖြေရတယ်
အမေနဲ့သား
ရေမြေခြားနေလည်း
အမေ့မေတ္တာ
လရောင်ဖြာလို
ကြည်သာရွှန်းပ
အေးမြပါတယ်..အမေ
ဘယ်နေရာမှာ
လမင်းသာသာ
အေးမြမှုကတော့
အတူတူပါပဲ..အမေရယ်


Type rest of the post here

မျက်ရည်တို့ရဲ့ ရာဇ၀င်

ကောင်မလေးရေ......
ငါက..နင့်မာယာတွေကိုမှ
ရင်နင့်အောင်ချစ်ခဲ့မိသူပါ
နက်ရှိုင်းစွာပေးဆပ်မှုအတွက်
ရလဒ်ကခါးသီးလွန်းတယ်
နင့်နှုတ်ခမ်းဆီက
မာယာစကားလုံးတွေနဲ့
ငါ့အိမ်မက်တွေတည်ဆောက်ခဲ့တာပါဟာ
ဒါပေမယ့်..နင်က
မှိန်ပျပျအလင်းပဲပေးခဲ့တယ်
နင့်သီးစွာရှိုက်ငိုရင်း
နွမ်းနင့်နင့်လွမ်း
နင်ပေးတဲ့လမ်းကတိုလွန်းတယ်
မျက်လုံးမှိုတ်လိုက်တိုင်း
အပြုံးလေးတွေမြင်နေရသေးတယ်
အသံလေးတွေကြားနေရသေးတယ်
နင်ကပန်းပွင့်လေးဆိုရင်
ငါက..နင့်ရဲ့ပွင့်ဖတ်လေးမှာနေတဲ့
ရေစက်လေးတစ်ပေါက်ပေါ့
နင့်ရဲ့စိမ်းကားစွာရက်စက်မှုကြောင့်
မြေပေါ်သက်ဆင်းခဲ့ပြီလေ
ဒါပေမယ့်ဟာ.....ငါက
နင့်မာယာတွေကိုချစ်တဲ့သူပါ
နင်မရှိတော့ပေမယ့်
နင့်အငွေ့အသက်တွေ
နင့်ပုံရိပ်လေးတွေ
နင့်အသံလေးတွေ
..........................
.........................
...........................
နင်ပြောခဲ့ဖူးတဲ့
ချစ်စကားလေးတစ်ခွန်းရယ်
ပြီးတော့......
နင့်အတွက်ကျခဲ့တဲ့
မျက်ရည်တွေရယ်...........

Type rest of the post here