Monday, July 21, 2008

ပန်းသခင်....သို့

ထာဝရအတွက်ရည်မှန်း
ပန်းကလေးပွင့်လန်းခဲ့ပြီ
တစ်ပွင့်တည်းသောပန်း
သစ္စာရေပက်ဖြန်းလို့
မင်းနမ်းရင်မွှေးမှာပါ
ဖြူစင်စွာပွင့်လန်း
ရင်ဘတ်ထဲကပန်းမို့
မင်းပန်ရင်လှမှာပါ
နှလုံးသားမှာအမြစ်တွယ်
ပစ်ဖယ်လို့သွားရင်
အဲဒီပန်းလေး
နွမ်းလွင့်ကြွေမှာမို့
မင်းကေသာဦးမှာ
လန်းစွင့်ပါရစေလားကွာ
ပန်းသခင်ရေ
မေတ္တာစစ်နဲ့
အချစ်မှာပွင့်ပါရစေ
လှမ်းဆွတ်လည့်ပါ
မင်းအတွက်ပွင့်တဲ့ပန်း
(ရင်ဘတ်ထဲမှာ)
မွှေးပျံ့လို့နေပြီလေ.....


Type rest of the post here

Sunday, July 20, 2008

အိမ်မက်ထဲကအလွမ်း

အဲဒီညတုန်းက
လမသာသလို
ကြယ်တွေလည်းမရှိပါဘူး
ဒါပေမယ့်....
ငါ့သန်းခေါင်ယံက
သူ့အလင်းနဲ့
အေးမြစွာလင်းလို့နေခဲ့တယ်
အိမ်မက်လေးရေ
ပြီးဆုံးသွားမှာအရမ်းကြောက်တယ်
မင်းအပြုံးလေးက
ရင်ထဲမှာအေးလို့ပါ
တစ်သက်လုံးသိမ်းထားပါရစေ
နှလုံးသားမှာ
ပြန်လည်ဆုံတွေ့ရဦးမှာလား
မရေရာမှုတွေနဲ့
ည ကိုမျှော်တယ်
ည ရောက်ရင်ခုန်တယ်
တစ်ခါတစ်ခါ
မင်းရောက်မလာရင်
အိမ်မက်ထဲမှာကို
ငါ.....လွမ်း.....တယ်
ခုဆို....
သူရောက်မလာတာ
ကြာ......ပြီ......ပေါ့

Type rest of the post here