Saturday, September 27, 2008

တုနှိုင်းမဲ့ရာ အဖေ့မေတ္တာ

အဖေ
လှမ်းလို့ဖြတ်သန်း၊ဘ၀လမ်းမှာ
အားခဲမာန်ခဲ၊ဇွဲနဘဲနဲ့
အခက်အခဲ၊မြစ်ပြင်ထဲမှာ
တက်ကျိုးခဲ့သော်၊လက်ထိုးလှော်သည်
အနှိုင်းမဲ့သော၊ကျွန်တော့်အဖေ။ ။

အဖေ
မပြည့်ဆန္ဒ၊မရှိစေရ
ပူဆာသမျှ၊လိုတာရအောင်
နေပူမကြောက်၊မိုးတစ်ဖျောက်လည်း
မသိသယောင်၊သူထမ်းဆောင်သည်
တာဝန်ကျေသော၊ကျွန်တော့်အဖေ။ ။

အဖေ
ကံကြမ္မာက၊ဖန်လာရက်သည်
အသက်တစ်ဝက်၊ကျော်မဖြတ်ခင်
ဘ၀လမ်းမှာ၊ပန်းခဲ့သမျှ
ဇရာထမ်းကာ၊ပိခဲ့ရသည်
လေဖြတ်သွားသော၊ကျွန်တော့်အဖေ။ ။

အဖေ
သားသမီးတို့၊မျက်ရည်စီးတော့
ဝေဒနာကို၊ရင်မှာချုပ်တီး
ဟန်လုပ်အပြုံး၊သူဖုံးအုပ်သည်
ရဲရဲရင့်ရင့်၊အားမာန်ဝင့်ကာ
မကြောက်မရွံ့၊နောက်မတွန့်ခဲ့သောအဖေ။ ။

အဖေ
မကျန်းမာလည်း၊ထမ်းကာစွမ်းသည်
အိမ်ထောင့်တာဝန်၊သူကျေပွန်သည်
တုနှိုင်းမဲ့ရာ၊ဖေ့မေတ္တာနဲ့
အတားအဆီး၊ဘ၀ခရီးမှာ
အားတင်းကာကျော်ဖြတ်ခဲ့တဲ့အဖေ။ ။

ဪ….အဖေ
အဖေချစ်တဲ့သား
အဖေ့နားမှာမနေနိုင်ပေမယ့်
တုနှိုင်းမဲ့မေတ္တာ
အစဉ်သာတမ်းတ
ရင်မှာသတိတရနဲ့
မှန်းဆစိတ်ရည်
လက်အုပ်ချီလို့
ရှစ်ခိုးဦးချ
တမ်းတလျှက်ပါအဖေ
ကျန်းမာစေကြောင်း
သားဆုတောင်းလို့
အချိန်တန်လို့
အိမ်ပြန်ရတဲ့အခါ
အပြုံးပန်းနဲ့
လှမ်းကြိုမယ့်အဖေ့ကို
မှန်းဆမြင်ယောင်ရင်း
တစ်နယ်ကျေးကသား
အဖေပေးတဲ့အားနဲ့
အတားဆီးမှန်သမျှ
အားတင်းဖြတ်ကျော်မယ်…အဖေ


Type rest of the post here

အဝေးရောက်ချစ်သူသို့…အမှာစာ

ကောင်မလေးရေ
အနေဝေးပေမယ့်
အတွေးတွေထဲမှာ
မင်းပဲစိုးမိုးလို့နေတယ်
လူချင်းဝေးပေမယ့်
နှလုံးသားချင်းနီးနေဆဲပါ
ပြန်ဆုံမယ့်ရက်
လက်ချိုးတွက်ရင်း
လွမ်းစိတ်လေးတွေ
တိုးတိတ်ဖြေကြမယ်နော်
ဘေးစကားတွေ
တစ်ဆင့်ကြားလို့
မင်းအနားကဝေးသွားရမှာစိုးတယ်
ယုံကြည်မှုတွေအနားထား
ချစ်စကားတွေပြန်ကြားလို့
အမှန်အမှားကိုခွဲခြား
ဘေးစကားတွေမယုံနဲ့နော်
အတူရှိခဲ့တဲ့
ပျော်စရာနေ့ရက်လေးတွေ
သတိတရ
တမ်းတမိနေသူပါ
ပြန်ချိန်တန်ရင်
အရောက်လှမ်းခဲ့မယ်
အပြုံးပန်းနဲ့
လှမ်းလို့ကြိုနော်


Type rest of the post here

Thursday, September 25, 2008

နာကျင်မျက်ရည်



လှိုက်ခနဲတက်လာတဲ့မျက်ရည်
ဆစ်ခနဲနာသွားတဲ့ နှလုံးသား
အမြင်တွေေ၀၀ါးလို့
ဪ…ငါငိုမိနေပြီပဲ
ရင်နင့်အောင်ချစ်ခဲ့တဲ့အတွက်
ရလဒ်ကမျက်ရည်တွေပဲလားချစ်သူရယ်
မကြုံချင်ခဲ့ပေမယ့်
ဆုံခဲ့ရတဲ့တစ်ခဏလေး
ခွဲခွာချိန်တဲ့လား
ရက်စက်တယ်လို့မပြောရက်ပေမယ့်
အမုန်းတွေကခါးသီးလွန်းတယ်
ဖြစ်လာမယ်ဆိုတာသိပေမယ့်
ငါ..ကြိုမတွေးရဲခဲ့ဘူးလေ
နင်မရှိတော့ပေမယ့်
ငါမမေ့ပါဘူးဟာ
ပေးဆပ်မှုတွေအတွက်
တစ်ချက်လောက်လှည့်ကြည့်ပေးပါလားကွာ
ပြန်မရနိုင်မှန်းသိပေမယ့်
တမ်းတမိနေသေးတယ်
ဟိုအရင်ပျော်ရွှင်ခဲ့ချိန်တွေ
နင်သာမှတ်မိမယ်ဆို
တစ်ခါလောက်ပြန်လာခဲ့ပါလားဟာ……..