Friday, May 16, 2008

နာဂစ်...သို့

အို...နာဂစ်
ဘယ်လိုအပြစ်နဲ့များ
ငါတို့အချစ်
ရင်နစ်သည်းချာ
ဘ၀များစွာကို
နင်းချေဖျက်စီး
အမျက်ကြီးခဲ့ရတာလဲ....
အို...နာဂစ်
ငါတို့ပြည်ထောင်
အကျိုးဆောင်သည့်
“ဆန်အိုကြီး“ မည်
ဧရာဝတီလည်း
အသင့်ဖ၀ါးအောက်
ပြားပြားမှောက်ခဲ့
ငါတို့အသည်းတွေကြွေခဲ့ပြီ.....
အပြစ်ကင်းစွာ
ပျော်ကြရှာသည့်
လူမမည်သေး
ခလေးများစွာ
သနားစဖွယ်
သေကျေပျက်စီး
မျက်ရည်တွေချောင်းစီးခဲ့ပြီ.....
အို...နာဂစ်
ဒီကမ္ဘာ..ဒီလောက
ရှိနေသမျှကာလတစ်လျှောက်လုံး
ငါတို့မျက်ရည်
ယိုကျဖိတ်စီး
ထိုနေ့ကြီးကို
မုန်းတီးရွံရှာ
ကြောက်လန့်စွာနဲ့
မပျောက်မပျက်
ရစ်ပတ်မြင်ယောင်နေကြဦးမှာပါ…..


Type rest of the post here

No comments: