Wednesday, May 14, 2008

တမ်းခြင်း အလင်္ကာ

မွေးရပ်မြေအလှ
မမြင်ရတာကြာပြီ
ကျေးငှက်သာရကာ
တေးသံသာနဲ့
တောတောင်အလှ
မခံစားရတာကြာပြီ....
ဆည်းလည်းသံတစ်ညံညံနဲ့
စေတီပုထိုး
မရှစ်ခိုးရတာကြာပြီ.....
ရွာဦးကျောင်းက
တုံးမောင်းသံလည်း
မနက်ခင်းတိုင်းလွမ်းရတယ်....
ယာခင်းလေးဘေး
တိတ်တိတ်လေးနေတဲ့
အေးမြရိပ်ငြိမ်
အမေ့အိမ်လည်းလွမ်းတယ်
အမေ့အိမ်နောက်
မြေလမ်းဒေါင့်က
အေးမြကြည်လင်
ရေအိုးစင်လေးလည်းလွမ်းတယ်....
ငရုပ်သီးလှော်
ပဲသီးကြော်နဲ့
တို့စရာနွေးနွေး
ခေါင်းငုံ့လွေးရတဲ့
အမေ့လက်ရာ
မစားရတာကြာပြီ......
အမေ့အိမ်ဘေး
ငါမှေးစက်ရာ
ငြိမ်းညောင်းသာယာ
ကောက်ရိုးဖြာလည်းလွမ်းတယ်.....
ရေမြေခြားမှာ
ပညာရှာနေတဲ့ အမေ့သား
အားမာန်သစ်နဲ့
ရဲ့ဝံ့ချီမယ်...
ဟိုး....အနာဂါတ်ဆီ

Type rest of the post here

No comments: