Friday, May 9, 2008

မျှော်လင့်ချက်လေး

မရေမရာနဲ့
တစ်ခါပြောဘူးတယ်
´ချစ်ပါတယ် ´....တဲ့
ဝေေ၀၀ါးဝါးမို့
သေချာပြီလားလို့မေးတော့
သူစိတ်ကောက်တယ်
ချော့မလောက်တဲ့မာနတွေ
ယောက်ျားတစ်ယောက်ရဲ့မာန
မင်းရှေ့မှာအသာချ
မျက်ရည်တွေလမ်းခင်းပြတော့လည်း
ကျောက်ရုပ်လိုအသည်းနဲ့
ခံစားမှုကင်းစွာ
မင်းငါ့ကိုကျောခိုင်းသွားတယ်
ကောင်မလေးရေ.......
ငါ့ကိုငါထက်
မင်းကိုပိုချစ်ပါတယ်
ငါချစ်တာရဲ့နည်းနည်းလေးပဲပြန်ချစ်ပါ
ငါ....ရှင်သန်မှုက
ပြည့်စုံခမ်းနားစွာ
သင်းပျံ့မွှေးကြိုင်စွာ
လန်းဆန်းတက်ကြွစွာ........

Type rest of the post here

No comments: