Saturday, May 10, 2008

ကမ္ဘာပြိုခြင်း

အဲဒီနေ့က
မိုးတွေရွာတယ်....
ငါလည်းမျက်ရည်တွေနဲ့ပေါ့
ကောင်းကင်ကမှောင်
လမင်းကမလင်း
ငါ့ကမ္ဘာကြီးမှောင်မည်းတိတ်ဆိတ်လို့......
မျှော်လင့်ချက်တွေ
ကျေကွဲပျက်ဆီး
လွမ်းခြင်းနဲ့လျှောက်
ဘယ်ကိုရောက်မလဲငါမသိတော့ဘူး
အိမ်မက်ဘူးတယ်
နင်ရယ်..ငါရယ်
အနာဂါတ်တွေရယ်
ချစ်ခြင်းတွေက
မျှော်လင့်ချက်တွေနဲ့တောက်ပလို့.......
စိတ်ကူးခဲ့သမျှ
ပျက်ဆီးခဲ့ပြီ
အကြင်နာတွေပျက်သုန်း
နင်...မုန်းခဲ့ပြီ
ငါနဲ့...ငါ့အိမ်မက်တွေကို
ရက်စက်စိမ်းကား
နင်ထားသွားပြီ......
ငါ့ဘ၀ထဲက
နင်ထွက်သွားပြီလို့တွေးမိတိုင်း
ဘယ်ဘက်ရင်အုံက
ဆစ်ခနဲနာကျင်တယ်.......

Type rest of the post here

1 comment:

စိုးထက် - Soe Htet ! said...

စိတ်ကူးလေး မိုက်တယ် .. :) ခဏခဏ ကွဲ တာတော့ မကောင်းဘူး :P