Friday, May 9, 2008

ဆုတောင်းလေးတစ်ခု

ကောင်မလေးရေ....
မင်းနဲ့ငါ
အကြင်နာစစ်နဲ့
ရင်မှာချစ်ခဲ့ကြတယ်
အခြေအနေကွာခြား
မဆုံနိုင်အကြောင်းတရားတွေကို
မသိမသာမေ့လို့ပေါ့......
သံယောဇဉ်ကြိုး
ရစ်နှောင်တိုးလို့
ခိုင်မာဘဝ
တည်ဆောက်ကြမယ်လို့
စိတ်ကူးအိမ်မက်
မျှော်လင့်ချက်တွေနဲ့
မင်းရယ်..ငါရယ်
အနာဂါတ်တွေရယ်
တို့နှစ်ယောက်ညတွေက
လှပလို့ပေါ့.....
တစ်ကယ်လို့များ
အနေခြားခဲ့ရင်
မင်းရယ်..ငါရယ်
အတိတ်ကအကြောင်းလေးတွေရယ်ပေါ့
တစ်ဒင်္ဂမြင်ခဲ့ရတာမဟုတ်သလို
ခဏတာအပျော်ရှာခဲ့တာမဟုတ်ပါဘူး
တစ်ဘ၀ပေါင်းရဖို့
ရည်ရွယ်ဆုတောင်း
နှလုံးသားချင်းပေါင်းရစေ......


Type rest of the post here

No comments: