Monday, July 7, 2008

ငါ့တိုင်းပြည်

ကောင်မလေးရေ.....
သစ်ရွက်ကြွေတိုင်း
လေတိုက်လို့မှမဟုတ်တာ
ကမ္ဘာပြိုမှာ
ဘာလို့ကြောက်ရမှာလဲ
ဟိုး....မှာ
ကြည့်လိုက်စမ်း
မျှော်လင့်ချက်တွေနဲ့
အရောင်ဖိတ်ဖိတ်တက်နေတဲ့
ငါ့..အနာဂါတ်တိုင်းပြည်
ယုံကြည်စမ်းပါ
ကမ္ဘာပျက်လည်း
မျှော်လင့်ချက်တွေမရပ်ဘူး
အနာဂါတ်ကိုသွားမယ်
အတောင်ပံတွေမရှိပေမယ့်
အားမာန်တွေနဲ့ချီတက်မယ်
လာပါချစ်သူ
အလင်းတစ်ခုနဲ့
ထွန်းညှိထားတဲ့နေရာ
ဒါ......ငါ့တိုင်းပြည်


Type rest of the post here

2 comments:

ကိုရင်ညိန်း said...

ကမ္ဘာပျက်လည်း
မျှော်လင့်ချက်တွေမရပ်ဘူး ။

အလင်းတစ်ခုနဲ့
ထွန်းညှိထားတဲ့နေရာ
ဒါ.... ငါတို့တိုင်းပြည် ။ ။
အဲဒီအသုံးတွေတော့ အားရတယ်ဗျာ ။
ဆက်ပါဦး အသုံးလှလှလေးတွေ

အညာသား said...

မှန်ပါ့ဗျာ...။ ကမ္ဘာပျက်လည်း မျှော်လင့်ချက်တွေမရပ်ဘူး။