Sunday, July 20, 2008

အိမ်မက်ထဲကအလွမ်း

အဲဒီညတုန်းက
လမသာသလို
ကြယ်တွေလည်းမရှိပါဘူး
ဒါပေမယ့်....
ငါ့သန်းခေါင်ယံက
သူ့အလင်းနဲ့
အေးမြစွာလင်းလို့နေခဲ့တယ်
အိမ်မက်လေးရေ
ပြီးဆုံးသွားမှာအရမ်းကြောက်တယ်
မင်းအပြုံးလေးက
ရင်ထဲမှာအေးလို့ပါ
တစ်သက်လုံးသိမ်းထားပါရစေ
နှလုံးသားမှာ
ပြန်လည်ဆုံတွေ့ရဦးမှာလား
မရေရာမှုတွေနဲ့
ည ကိုမျှော်တယ်
ည ရောက်ရင်ခုန်တယ်
တစ်ခါတစ်ခါ
မင်းရောက်မလာရင်
အိမ်မက်ထဲမှာကို
ငါ.....လွမ်း.....တယ်
ခုဆို....
သူရောက်မလာတာ
ကြာ......ပြီ......ပေါ့

Type rest of the post here

1 comment:

ကိုရင်ညိန်း said...

တစ်ပုဒ်လုံးကောင်းတယ်ဗျာ
အိမ်မက်ထဲကို အိမ်မက်နတ်သမီးလေးလာပါစေဗျာ
ကိုဂျိုကာရဲ့ အိမ်မက်နတ်သမီး လေးပေါ့