Monday, July 7, 2008

အနမ်းကို ပြန်လွမ်းခြင်း

ရေပေါ်ကိုနေရောင်တက်
လျှပ်စီးလက်သလိုပဲ
တစ်ဒင်္ဂလေးပါ
ဒါပေမယ့်....
တစ်ဘ၀လုံးမေ့မှာမဟုတ်ဘူး
နင့်နားမှာထိုင်
နင့်လက်လေးကိုင်ပြီး
နင့်စကားတွေနားထောင်ဘူးတယ်
နင့်ပါးမှာသနပ်ခါးတင်တော့
ငါ့ရင်မှာဘလောင်ဆူ
နမ်းယူဖို့နှုတ်ခမ်းပြင်တော့
ရှက်သွင်သွင်ဟန်နွဲ့
ပန်းပွင့်ကိုလေချီသလို
ဘယ်ညာဆီရှောင်သွဲ့
နမ်းခက်တော့မူပို
ကလူသလိုပြုံးတုံ့တုံ့
ဟန်ပန်ကိုနင်လုပ်တော့
နှုတ်ခမ်းတွင်
နမ်းမယ်ပြင်ရှေ့တိုး
ဒီတစ်ခါမရုန်းအောင်
ကိုယ်လုံးလေးရင်ခွင်ဘောင်သို့
တင်းတင်းကြပ်ကြပ်
ဆွဲဖက်လို့ထားတော့မယ်
ရုန်းပါနဲ့လေး......

Type rest of the post here

1 comment:

ကိုရင်ညိန်း said...

ရေပေါ်ကိုနေရောင်တက်
လျှပ်စီးလက်သလိုပဲ
တစ်ဒင်္ဂလေးပါ
ဒါပေမယ့်....
တစ်ဘ၀လုံးမေ့မှာမဟုတ်ဘူး ။ ။

ကိုဂျိုကာရေ အဲဒီအပိုဒ်က နိမိတ်ပုံလေးကို အကြိုက်ဆုံးပဲဗျာ ။