Thursday, June 26, 2008

ပန်ဆုခြွေ

ပင်မြင့်မှာပျော်
တော်ဝင်သည့်ပန်း
နန်းမြင့်သဇင်
ဆောင်းဝင်ရင်လှိုင်လှိုင်ပွင့်တယ်
ဖိုးထိုက်သည့်ပန်း.......။ ။

ခုနှစ်ဆောင်နန်းမြင့်
လှမ်းလင့်လို့မချူသာတယ်
ပပဦးရယ်
မဖြေသာရတက်ပွေလို့
ပန်ခွင့်ကိုမျှော်
မပျော်သာရင်နင့်ကာပ
နမ်းရှိုက်ကာယုယချင်လည်း
အတွေးသာကွယ်
အဆွေးသာပိုရတယ်
နန်းထိုက်သည့်ပန်း.....။ ။

ပန်းသဇင်လိုကွယ်
နန်းရင်မှာပွဲလယ်တင့်
မချုသာတယ်
ဒီလူ့မှာဆုသာတောင်းရတယ်
ဝေပါစေကွယ်
ခြွေရက်သူမတွေ့စေနဲ့
ကြွေပျက်ရင်သည်းမှာနွမ်းတာမို့
မှန်းဆလို့ပျိုး.....။ ။


Type rest of the post here

No comments: