Friday, June 27, 2008

ခြားနာခြင်း

ငါက...
သူ့ကောင်းကင်ကြီးလှပဖို့အတွက်
ကြယ်လေးတစ်ပွင့်ဖြစ်ခဲ့သူပါ
ဒါပေမယ့်...
ငါနေရာက သေးလွန်းတယ်

ငါက...
သူ့ဘ၀လေးမွှေးပျံ့လှပဖို့
တယုတယစိုက်ပျိုးပေးခဲ့တဲ့
ဥယျာဉ်မှုးတစ်ယောက်ဖြစ်ခဲ့သူပါ
ဒါပေမယ့်...
သူ့တန်ဖိုးကကြီးလွန်းတယ်

ငါက...
သူ့ဘ၀လေးတိုးတက်မြင့်မားဖို့
ဒုက္ခတွေကိုခါးစည်းခံခဲ့တဲ့
လှေကားထစ်လေးတစ်ခုဖြစ်ခဲ့သူပါ
ဒါပေမယ့်...
ငါ့အဆင့်ကနိမ့်လွန်းတယ်

ငါက...
သူလျှောက်တဲ့လမ်းမှန်ကန်ဖြောင့်ဖြူးဖို့
တည့်မတ်လမ်းညွှန်ပေးခဲ့တဲ့
အလင်းရောင်လေးတစ်ခုပါ
ဒါပေမယ့်...
ငါ့အလင်းကမှိန်လွန်းတယ်

ငါက...
သူ့ဘ၀လေးသာယာဖို့
နှလုံးသားကိုသော့ခတ်ပြီး
ရင်နင့်စွာကျောခိုင်းခဲ့သူပါ
ဒါပေမယ့်...
နောက်ဆုံးထွက်သက်အထိ သူ့ကိုချစ်နေဦးမှာပါ

Type rest of the post here

No comments: