Saturday, June 28, 2008

ပန်းတွေပွင့်တဲ့ အနမ်းလင်္ကာ

အနမ်းခြွေတုန်းက
ပန်းတွေဝေခဲ့ဘူးတယ်
စမ်းရေတွေအေးလို့
လေပြေတွေသွေးကြတယ်
ကြယ်တွေလင်းပြီး
လမင်းကြီးသာတယ်
ကမ္ဘာမြေက
အသာယာဆုံးတေးတစ်ပုဒ်ဆိုတယ်
သူ့ပါးထက်က
သနပ်ခါးရနံ့လေး
ခုထိမွှေးနေတုန်းပဲ
ပန်းနုရောင်ရှက်ပြုံးလေးက
ငါ့ရင်ထဲကိုမိုးပြေးလိုရွာတယ်
မှော်ဆရာဖန်ဆင်းတဲ့
ဝိုင်ချိုတစ်ခွက်ကိုသောက်ရသလို
နှလုံးသားတို့ဆတ်ဆတ်တုန်တယ်
ပန်းပွင့်အိမ်မက်ထဲက
ဝတ်မှုံတေးသွားတစ်ပုဒ်လို
သာယာနူးညံ့စွာ.....


Type rest of the post here

1 comment:

ကိုရင်ညိန်း said...

ပန်းနုရောင်ရှက်ပြုံးလေးက
ငါ့ရင်ထဲကိုမိုးပြေးလိုရွာတယ်

လှပါ့ဗျာ အရမ်းအားကျတယ်
အရေးအသားတွေက ညက်တယ်