Thursday, September 25, 2008

နာကျင်မျက်ရည်



လှိုက်ခနဲတက်လာတဲ့မျက်ရည်
ဆစ်ခနဲနာသွားတဲ့ နှလုံးသား
အမြင်တွေေ၀၀ါးလို့
ဪ…ငါငိုမိနေပြီပဲ
ရင်နင့်အောင်ချစ်ခဲ့တဲ့အတွက်
ရလဒ်ကမျက်ရည်တွေပဲလားချစ်သူရယ်
မကြုံချင်ခဲ့ပေမယ့်
ဆုံခဲ့ရတဲ့တစ်ခဏလေး
ခွဲခွာချိန်တဲ့လား
ရက်စက်တယ်လို့မပြောရက်ပေမယ့်
အမုန်းတွေကခါးသီးလွန်းတယ်
ဖြစ်လာမယ်ဆိုတာသိပေမယ့်
ငါ..ကြိုမတွေးရဲခဲ့ဘူးလေ
နင်မရှိတော့ပေမယ့်
ငါမမေ့ပါဘူးဟာ
ပေးဆပ်မှုတွေအတွက်
တစ်ချက်လောက်လှည့်ကြည့်ပေးပါလားကွာ
ပြန်မရနိုင်မှန်းသိပေမယ့်
တမ်းတမိနေသေးတယ်
ဟိုအရင်ပျော်ရွှင်ခဲ့ချိန်တွေ
နင်သာမှတ်မိမယ်ဆို
တစ်ခါလောက်ပြန်လာခဲ့ပါလားဟာ……..

2 comments:

ဖြိုးငယ် said...

ကဗျာအရေးအသားကို ကြိုက်တယ်ဟေ့ ...
တစ်ခေါက်လောက်မဟုတ်ဘူး .. အမြဲတမ်းပြန်လာပါစေလို့
ဆုတောင်းပေးပါတယ်ဗျာ .. (ဖြစ်နိုင်မယ်ဆိုရင်ပေါ့ )

Anonymous said...

ကဗျာလေးက အရမ်းကောင်းတယ်ဗျာ ရည်ရွယ်သူ ပြန်လာပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ :)