ငါက….
အညတရ Blogger
ဂစ်တာတစ်လက်
ကော်ဖီတစ်ခွက်နဲ့
မထင်မရှား Blog လေးတစ်ခုသာပိုင်တဲ့
ရုပ်ဆိုးဆိုးကောင်လေးတစ်ယောက်ပေါ့
ငါက….
ကြမ်းတမ်းတဲ့ဘ၀မျိုးနဲ့
နူးညံ့တဲ့သံစဉ်လေးတွေဖန်တီး
သိမ်မွေ့တဲ့ကဗျာကာရန်လေးတွေရေးစပ်
တိတ်ဆိတ်တဲ့မနက်လေးတွေနဲ့
ကျေနပ်လို့နေသူပေါ့
ငါက….
ခပ်ပြင်းပြင်းအရက်တစ်ကျိုက်
ဆေးလိပ်လေးတစ်ရှိုက်နဲ့
စိတ်ကူးတွေရွက်လွှင့်
မျှော်လင့်ချက်တွေတပုံတပင်နဲ့
မနက်ဖြန်တွေကိုခရီးဆက်နေသူပေါ့
ငါက….
ချစ်ခြင်းမေတ္တာအတွက်
နှလုံးသားတစ်ခုပေးဆပ်ဖူးသူ
မြတ်နိုးတဲ့မနက်ခင်းတွေ
တန်ဖိုးထားတဲ့ကဗျာတွေ
ခံစားတတ်တဲ့သံစဉ်တွေ
အားလုံး..အားလုံး
အချစ်အတွက်
ပေးဆပ်ဖူးသူပေါ့
အခုတော့..ငါက
သူပေးတဲ့ဒဏ်ရာတွေနဲ့
အလွမ်းတွေထွေးပိုက်
ကာရန်တွေကြားမှာပျော်ပိုက်နေသူ…..
Type rest of the post here
Subscribe to:
Post Comments (Atom)
2 comments:
ကျုပ်ခံစားချက်နဲ့ တော်တော်နီးနီးစပ်စပ်ဖြစ်နေတယ် မောင်ဂျိုကာရ။ မိုက်တယ်။
ကျနော်နဲ့လည်း ခပ်ဆင်ဆင်ပဲ ကိုဂျိုကာရေ ..
:D
ဂွတ်တယ်ဗျာ အားပေးပါတယ်
Post a Comment