Wednesday, May 21, 2008

ပျောက်ဆုံးခြင်း

ချစ်သူရေ.....
အသက်ရှုတိုင်းမင်းကိုလွမ်းတယ်
မင်းသိနိုင်မလား
ငါ့ညတွေက
အိမ်မက်ရိုင်းတွေခြောက်လှန့်လို့.....
မင်းအတွက်
အိပ်ပျက်ခဲ့တဲ့..ညတွေ
မင်းအတွက်
ပျောက်ဆုံးခဲ့တဲ့..မျှော်လင့်ချက်တွေ
ဘ၀ရဲ့အစ
ဖြူစင်တဲ့ချစ်ခြင်း
ရစ်တင်းနှောင်ဖွဲ့တော့
မျက်ဝန်းတွေဝေရီ
နှလုံးသည်းပျက်ကြေခဲ့ရပြီ.....
ဆိုင်သူမသိဘဲလွမ်းနေရတဲ့ ငါ့ဘဝ
ကူတွယ်မယ့်လူဟာ
ဒီကမ္ဘာမှာရှိသေးရဲ့လား......


Type rest of the post here

1 comment:

ein said...

ရှိသေးလောက်ပါတယ် ကူတွယ်မယ့်သူငယ်ချင်းတွေလေ...:P