Wednesday, May 21, 2008

တိုးတိတ်နှုတ်ဆက်ခြင်း

ကောင်မလေးရေ...
ငါသွားရတော့မယ်
နှုတ်ဆက်ချင်ပေမယ့်
အခွင့်မရှိတဲ့အခြေအနေ
ဘယ်လိုဖြေရမလဲလေ.....
ရင်ထဲမှာပဲ
တိတ်တိတ် ရေရွက်
မကြားနိုင်မှန်းသိပေမယ့်
ငါ..ကျေနပ်ပါတယ်
ဖြူစင်တဲ့ချစ်ခြင်း
မြတ်နိုးခြင်းများနဲ့
နှလုံးသားက သစ္စာ
ထာဝရတည်စေမယ်
ဒီကမ္ဘာမှာ
ငါဆိုတာရှိနေသ၍
မင်းကိုထာဝရ ချစ်နေမယ်
မျှော်လင့်လွမ်းဆွေး
အနေဝေးပေမယ့်
သတိတရနဲ့
မင်းကိုတမ်းတနေမယ်....


Type rest of the post here

No comments: