ချစ်သူ....
မင်းအကြည့်တစ်ချက်
တစ်ကမ္ဘာမှတ်ခဲ့ဘူးတယ်
မင်းစကားတစ်ခွန်း
ယစ်မူးလှိုက်မောဘူးတယ်
မင်းမျက်စောင်းတစ်ချက်
သေမတတ်ကြောက်ခဲ့ဘူးတယ်
မင်းနှုတ်ခမ်းတစ်ချက်အစူ
ရင်ခွင်ဗလောင်စူခဲ့ဘူးတယ်
ချစ်သူရေ.....
ဖြစ်လာမယ်ဆိုတာသိနေပေမယ့်
ငါ..ကြိုမတွေးရဲခဲ့ဘူးလေ
ဘယ်တော့မှမမေ့ဘူး
အမှတ်တရ Valentine
မျှော်လင့်ချက်တွေ
အရောင်တက်ခဲ့တဲ့နေ့.....
ငါ့ရာဇ၀င်မှာ
စာတင်ခဲ့တဲ့နေ့.......
တစ်နွေကုန်လို့
တစ်မိုးပြောင်း
တစ်ဆောင်းသစ်ပါစေ
မင်းပြန်လာမယ့်နေ့ကို
ငါ..စောင့်နေပါ့မယ်
ရင်ထဲကအချစ်
တစ်ကယ်စစ်ရင်
ငါ့ရေးနေတဲ့ကဗျာ
ငါ့ကာရန်တွေ
မင်းသိနိုင်ပါစေ......
Type rest of the post here
Wednesday, May 28, 2008
Monday, May 26, 2008
စိတ်ဝိညဉ်
ဟိုး.....ရှေ့မှာ
မြက်ခင်းပြင်တစ်ခု
ဂစ်တာတစ်လက်နဲ့
သံစဉ်တွေတီးခတ်ကြည့်တယ်
တိမ်တွေကခရီးနှင်နေတယ်
ခပ်မြင့်မြင့်သစ်ပင်ထက်ဆီက
ငှက်တစ်ကောင်အော်သံကြားတယ်
တောင်ကုန်းတစ်ခုက
ငါ့ကိုငုံ့ကြည့်လို့......
စိမ်းညို့ညို့တောအုပ်လေးတွေက
ငါ့ရဲ့အဖော်တွေလား
သူတို့အတွက်
ကဗျာတစ်ပုဒ်ရွတ်လိုက်တယ်
လက်ထဲကအရက်တစ်ခွက်က
နက်ရှိုင်းစွာအားပေးတယ်
ဒီလိုနဲ့......
ကောင်းကင်ကြီးက
မှိုင်းညို့ညို့အုပ်ဆိုင်း
လွမ်းတေးသီဖို့ပြင်တယ်
ကြည့်ရင်း..ကြည့်ရင်း
ငှက်ကလေးထပြန်သွားတယ်
မြတ်ခင်းလေးညှိုးသွားပြီ
တောင်ကုန်းလေးက
ငါ့ကိုကျောပေးသွားပြီ
ငါလည်း.....
အား..အင်..မဲ့..စွာ
မျက်ရည်တစ်စက
ပါးပြင်ကတစ်ဆင့်
အရက်ခွက်ထဲကျသွားတယ်
ငါ..မူး..နေ..ပြီ
Type rest of the post here
မြက်ခင်းပြင်တစ်ခု
ဂစ်တာတစ်လက်နဲ့
သံစဉ်တွေတီးခတ်ကြည့်တယ်
တိမ်တွေကခရီးနှင်နေတယ်
ခပ်မြင့်မြင့်သစ်ပင်ထက်ဆီက
ငှက်တစ်ကောင်အော်သံကြားတယ်
တောင်ကုန်းတစ်ခုက
ငါ့ကိုငုံ့ကြည့်လို့......
စိမ်းညို့ညို့တောအုပ်လေးတွေက
ငါ့ရဲ့အဖော်တွေလား
သူတို့အတွက်
ကဗျာတစ်ပုဒ်ရွတ်လိုက်တယ်
လက်ထဲကအရက်တစ်ခွက်က
နက်ရှိုင်းစွာအားပေးတယ်
ဒီလိုနဲ့......
ကောင်းကင်ကြီးက
မှိုင်းညို့ညို့အုပ်ဆိုင်း
လွမ်းတေးသီဖို့ပြင်တယ်
ကြည့်ရင်း..ကြည့်ရင်း
ငှက်ကလေးထပြန်သွားတယ်
မြတ်ခင်းလေးညှိုးသွားပြီ
တောင်ကုန်းလေးက
ငါ့ကိုကျောပေးသွားပြီ
ငါလည်း.....
အား..အင်..မဲ့..စွာ
မျက်ရည်တစ်စက
ပါးပြင်ကတစ်ဆင့်
အရက်ခွက်ထဲကျသွားတယ်
ငါ..မူး..နေ..ပြီ
Type rest of the post here
အထီးကျန်
မျက်စိရှေ့မှာ
ပန်းတစ်ခင်းရှိတယ်
ဒါပေမယ့်.....
ဘာလို့သူတို့မမွှေးကြတာလဲ
အိမ်ကလေးကလည်း
တိတ်ဆိတ်ငြိမ်သက်လို့.....
လောကအလှတွေက
သူနဲ့မသက်ဆိုင်သလို
လေပြေကလေးတွေ
ပါးပြင်ကိုတိုးဝှေ့လာတယ်
သူတို့ကရော......
ဘာလို့ ချစ်သူ့ဆံနွယ်တွေသယ်မလာကြတာလဲ
စမ်းရေစီးသံကြားတယ်
ဒါပေမယ့်.....
နားထဲမှာမသာယာဘူး
ပါးပြင်ထက်ကမျက်ရည်စတွေ
ဘာလို့များချစ်သူ့ပါးပြင်လောက်
နွေးထွေးမှုမရှိရတာလဲ
သူမရှိတော့.....
သာနေကြလမင်းတောင်
ဘယ်ဆီမှာလဲမသိတော့ဘူး
သန်းခေါင်ယံကလည်း
ကုန်ခဲလိုက်တာ......
မနက်ခင်းရောက်ရင်ရော......
သူနဲ့တွေ့ရမှာလား
ကောင်းကင်ကိုမော့ကြည့်တော့.....
မှုန်...၀ါး...လို့......
Type rest of the post here
ပန်းတစ်ခင်းရှိတယ်
ဒါပေမယ့်.....
ဘာလို့သူတို့မမွှေးကြတာလဲ
အိမ်ကလေးကလည်း
တိတ်ဆိတ်ငြိမ်သက်လို့.....
လောကအလှတွေက
သူနဲ့မသက်ဆိုင်သလို
လေပြေကလေးတွေ
ပါးပြင်ကိုတိုးဝှေ့လာတယ်
သူတို့ကရော......
ဘာလို့ ချစ်သူ့ဆံနွယ်တွေသယ်မလာကြတာလဲ
စမ်းရေစီးသံကြားတယ်
ဒါပေမယ့်.....
နားထဲမှာမသာယာဘူး
ပါးပြင်ထက်ကမျက်ရည်စတွေ
ဘာလို့များချစ်သူ့ပါးပြင်လောက်
နွေးထွေးမှုမရှိရတာလဲ
သူမရှိတော့.....
သာနေကြလမင်းတောင်
ဘယ်ဆီမှာလဲမသိတော့ဘူး
သန်းခေါင်ယံကလည်း
ကုန်ခဲလိုက်တာ......
မနက်ခင်းရောက်ရင်ရော......
သူနဲ့တွေ့ရမှာလား
ကောင်းကင်ကိုမော့ကြည့်တော့.....
မှုန်...၀ါး...လို့......
Type rest of the post here
Subscribe to:
Posts (Atom)