Monday, May 26, 2008

အထီးကျန်

မျက်စိရှေ့မှာ
ပန်းတစ်ခင်းရှိတယ်
ဒါပေမယ့်.....
ဘာလို့သူတို့မမွှေးကြတာလဲ
အိမ်ကလေးကလည်း
တိတ်ဆိတ်ငြိမ်သက်လို့.....
လောကအလှတွေက
သူနဲ့မသက်ဆိုင်သလို
လေပြေကလေးတွေ
ပါးပြင်ကိုတိုးဝှေ့လာတယ်
သူတို့ကရော......
ဘာလို့ ချစ်သူ့ဆံနွယ်တွေသယ်မလာကြတာလဲ
စမ်းရေစီးသံကြားတယ်
ဒါပေမယ့်.....
နားထဲမှာမသာယာဘူး
ပါးပြင်ထက်ကမျက်ရည်စတွေ
ဘာလို့များချစ်သူ့ပါးပြင်လောက်
နွေးထွေးမှုမရှိရတာလဲ
သူမရှိတော့.....
သာနေကြလမင်းတောင်
ဘယ်ဆီမှာလဲမသိတော့ဘူး
သန်းခေါင်ယံကလည်း
ကုန်ခဲလိုက်တာ......
မနက်ခင်းရောက်ရင်ရော......
သူနဲ့တွေ့ရမှာလား
ကောင်းကင်ကိုမော့ကြည့်တော့.....
မှုန်...၀ါး...လို့......


Type rest of the post here

No comments: