Tuesday, May 20, 2008

ချစ်သူချော့တေး

မြူမှုန်ခင်းတဲ့
အဲဒီ..ဆောင်းတစ်ညလမ်းမှာ
ပန်းတစ်ပွင့်ရဲ့အလွမ်း
နှင်းမကွဲသေးတဲ့မနက်ခင်းနဲ့
လမသာတဲ့အိမ်မက်ဦး
ရူးလောက်တဲ့သင်ခန်းစာပေါ့......
အလွမ်းကတစ်ပွေ့
အနမ်းကတစ်ခက်နဲ့
ပန်းတွေပွင့်တဲ့ “ ည “ ပေါ့.......
နှင်းတစ်ဝက်လမ်းပျက်မှာ
ငါတို့တွေချစ်လျှက်ခွဲရမှာလား
ကံကြမ္မာက....
အလုံးအရင်းနဲ့ရက်စက်တယ်
အလွမ်းတွေပြေ
ပန်းတွေဝေဖို့
အားအင်မာန်ပွား
အတောင်ပံများနဲ့
ချစ်သူအနားရောက်အောင်လာမယ်
ပန်းကလေးရေ...မငိုနဲ့နော်

Type rest of the post here

No comments: