Saturday, April 19, 2008

ဆုံးဖြတ်ခြင်း

ကောင်လေးတစ်ယောက်နဲ့
ကောင်မလေးတစ်ယောက်
မျက်နှာချင်းဆိုင် ရပ်နေကြတယ်....
အလယ်မှာ.........
စည်းတစ်ခုခြားလို့ပေါ့
သူတို့နှစ်ဦးက
တစ်ဦးကိုတစ်ဦး
ရူးမူးစွာချစ်ကြိုက်ကြတယ်
သူတို့နှစ်ဦး
ပေါင်းစည်းဖို့ရာ
တစ်ဦးကတစ်ဖက်
ပေါင်းစပ်ဖို့လိုတယ်
ဒါပေမယ့်..........
ကူးဖြတ်တဲ့သူက
ပေးဆပ်ရမယ်
ရင်းနှီးထားသမျှ
အချိန်..နေရာ
အရာအားလုံး
စိတ်ကူးထားသမျှ
ဘာမှမကျန်အောင်
ဆုံးရှုံးကွဲကျေ
ရင်နင့်လေမယ်
ကဲ........
ဘယ်သူက ကူးလို့
ဘယ်သူက စောင့်မလဲ
အချစ် ဆိုတာ
ပေါ်လာပါပြီ
စွန့်လွှတ်ခြင်းလား
ရယူခြင်းလား
အနာဂါတ်က
ေ၀၀ါးဆဲ..........


Type rest of the post here

Friday, April 18, 2008

မနက်ခင်းတစ်ခုရဲ့..တမ်းချင်း

တစ်ခါတုန်းက
ဖဲကြိုးလေးတစ်ချောင်းရှိခဲ့ဘူးတယ်
မျှော်လင့်ခြင်းများစွာ
စိတ်ကူးအိမ်မက်တွေများစွာနဲ့
တို့နှစ်လုံးသားတွေကိုရစ်ပတ်ခဲ့ကြတယ်
အချိန်တွေကြာလာတော့
နင်ကငါ့ကိုထားခဲ့ချင်တယ်
ပျံသွားပါ..ငှက်ကလေး
အဝေးမှာ နင်ပျော်ပါစေ
ဆုတောင်းရင်နဲ့...(ရင်ထဲမှာ )
ကျေကွဲ...ဟန်ဆောင်ပြုံးရင်း
လမ်းခွဲညနေလေးတစ်ခု
ငါ့....ကမ္ဘ္ဘ္ဘ္ဘာပြိုကျပျက်ဆီး
မှောင်အတိ ငါ့ကမ္ဘာ
ဘာကိုမှီတွယ်ရမလဲ
ထောင်းခနဲပြတ်သွားတဲ့ ဂစ်တာကြိုးတစ်ချောင်းလို
ခွမ်းခနဲကျကွဲသွားတဲ့ ပန်းအိုးတစ်လုံးလို
ငါတို့တွေ..မှားယွင်းစွာ
ဝေးလွင့်ခဲ့ကြပြီ
ဒါပေမယ့်...ကောင်မလေးရေ
ငါ့မနက်ခင်းတွေက
သူတို့ သခင်မကိုမျှော်လင့်နေကြဆဲပါ
နင်.....ပြန်..လာ..ခဲ့..နော်.........


Type rest of the post here

ထာဝရမှီတွယ်ရာ

ကောင်မလေးရေ.....
နင်ခြေစုံကန်ပြန်ထွက်သွားတဲ့ ငါ့ရင်ခွင်ဟာ
နင်မက်မောတဲ့ကောင်းကင်ပြာပြာလောက်
မကျယ်ပြောတာအမှန်ပါ
ဒါပေမယ့်....
အဲဒီကောင်းကင်ထက်မြင့်မားနက်ရှိုင်းစွာ
နင့်ကို ငါ..ချစ်ခဲ့တာပါဟာ
နင်မသိခဲ့ပါဘူး
တစ်ကယ်တော့ ငါက......
သစ်ခြောက်ကိုင်းလေးတစ်ခုပါ
နင်..ခဏတာဝင်ရောက်နားခိုဖို့
ဖြစ်တည်ပေးခဲ့သူပါ
နောက်ထက်......နှစ်ပေါင်းများစွာ
နွေ..မိုး..ဆောင်းတွေပြောင်းလည်း
နင်...ခိုဝင်လည့်ပါ
ငါ့ရင်တံခါး အမြဲဖွင့်ထားတယ်
နင့်အတွက်..ငါက
ပြောင်းလည်းခြင်းမရှိတဲ့
ထာဝရမှီတွယ်ရာလေ........


Type rest of the post here

Thursday, April 17, 2008

ဘ၀လမ်းမှာကျပျောက်ခဲ့ရသောအရာလေးများ

ငယ်ငယ်အခါ အဖေ အမေ ဆွေမျိုးမိတ်သဟာတွေက သားကြီးလာလို့ဘာလုပ်မလဲမေးရင် စစ်သားကြီးလုပ်မယ်လို့ဖြေခဲ့ပါတယ် တစ်ခြားအရာတွေကို ပါးစပ်ကတောင်မဟခဲ့ပါဘူး (၁၀) တန်းအောင်တော့လည်း တစ်ခါတည်း အကြွင်းမဲ့ရည်ရွယ်ချက်နဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းအဖြစ်လျှောက်ထားခဲ့ပါတယ် ငါ...စစ်ဗိုလ်တစ်ယောက်ဖြစ်ကိုဖြစ်ရမယ်ပေါ့.......
အခက်အခဲပေါင်းများစွာ..ပင်ပန်းဆင်းရဲမှုများစွာနဲ့ (၃) နှစ်ဆိုတဲ့အချိန်ကိုဖြတ်ကျော်ခဲ့ပါတယ် ကျွန်တော်တို့ စစ်တက္ကသိုလ်ကျောင်းဆင်းတွေ အဓိကဆုံးရှုံးတာကတော့ လူငယ်လွပ်လပ်ခွင့်ပေါ့ဗျာ ဘယ်လောက်မြတ်နိုးဖို့ကောင်းတဲ့ အမှတ်ရနေစရာကောင်းတဲ့ လွပ်လပ်မှုလေးလဲ ကျွန်တော်တို့အဲဒါကို ဆုံးရှုံးခဲ့ရပါတယ် ဗိုလ်လောင်ဘ၀ ခွင့်ပြန်ရင် ကျွန်တော် (၃) နာရီကျော်သွားရတဲ့ ပုသိမ် တက္ကသိုလ် ကိုနှစ်တိုင်းရောက်ပါတယ် တက္ကသိုလ်ကျောင်းသားတွေရဲ့ လွပ်လပ်မှုကိုသဘောကျမိတယ် ကျွန်တော်လည်း ကျောင်းသားလိုလို ဘာလိုလိုနဲ့ကျောင်းထဲမှာလျှောက်သွားပါတယ်အဲဒီအရသာကိုကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး လူငယ်ဘ၀လွပ်လပ်မှုကိုအပြည့်အ၀ပေးနိုင်စွမ်းပါတယ် ကျွန်တော် တစ်နှစ်လုံးပင်ပန်းဆင်းရဲ
သမျှ အဲဒီတစ်ရက်နှစ်ရက်နဲ့ပြေပျောက်သွားတတ်ပါတယ် ......
တစ်ခါတစ်လေကျတော့လည်းတက္ကသိုလ်ကျောင်းသားတစ်ယောက်အရမ်းဖြစ်ချင်မိတယ် ဒါပေမယ့် ရည်ရွယ်ချက်ဆိုတာက
ရှိပြီးသားလေ ပြီးတော့မိဘရဲ့နွေးထွေးတဲ့ မေတ္တာတရား သူငယ်ချင်းများရဲ့ဖြူစင်တဲ့ခင်မင်မှုလေးတွေ ထမင်းဝိုင်းကမထချင်အောင်ကောင်း
တဲ့အမေ့ရဲ့ဟင်းလက်ရာ တီတီတာတာပြောတတ်တဲ့ ညီမအငယ်ဆုံးလေးရဲ့ချစ်စရာအသံလေး ပျော်စရာ ဂုဏ်ပကာသနကင်းတဲ့ မိသားစု
ထမင်းဝိုင်းလေး ကျွန်တော်တို့ဆုံးရှုံးခဲ့တာတွေအများကြီးပါ ဒါပေမယ့် ကျွန်တော်တို့ဘ၀လမ်းမှန်ခဲ့ပါတယ်.......
လူပဲဗျာ တစ်ခါတစ်လေကြတော့လည်း ပျော်ရာမှာနေချင်တာပေါ့ ဘယ်လောက်များဝမ်းနည်းဖို့ကောင်းလိုက်သလဲ ကိုယ့်ဇာတိ
ချက်ချွေမွေးရပ်မြေကို အလည်ပြန်နေရတဲ့ဘ၀ပါ ကိုယ့်မိသားစုမှာ ကိုယ်ကဧည့်သည်ဖြစ်နေပါတယ် ဒါတွေကမသေမချင်းဖြစ်နေမယ့်
အကြောင်းလေးတွေပါ သန်းခေါင်စာရင်းမှာပါတာကလွဲလို့ ဧည့်သည်ပါပဲ ငယ်ငယ်တုန်းကဘ၀လေးကိုပြန်လိုချင်တယ်ဗျာ ကျွန်တော်တို့
ပျောက်ဆုံးခဲ့တာတွေဘယ်အချိန်မှပြန်ရနိုင်မလဲဗျာ မျှော်လင့်နေမိဆဲပါ တစ်ချိန်တော့ကျွန်တော် မိသားစုဝင်ပြန်ဖြစ်ဖို့ပေါ့........

( ညီနောင်များအားလုံးအတွက်ရည်ရွယ်ပါသည် )


Type rest of the post here

Wednesday, April 16, 2008

အသည်းကွဲမှတ်တမ်း

ကျွန်တော့်အသည်း
ဘယ်နှစ်ခါကွဲဦးမလဲ
သန်းခေါင်ထက်တော့
ညမနက်တော့ပါဘူး
မှောင်နေလည်း
ငါနေတတ်ပါပြီ
မဖြစ်အသည်း
ရင်နင့်ကွဲကျေ
နင့်နင့်ရှိုက်ငို
အသည်းကိုလည်း
မပြုမပြင်
သည်းသက်ဝင်သို့
ရှုံးနိမ့်ဝေရီ
ငါ......အရှုံးပေးခဲ့ပါပြီ
ကျန်နေရစ်စေ
ထားခဲ့လေတော့
နှောင်တွယ်အချစ်
မျက်ရည်မြစ်ကလေးဖြစ်ခဲ့ပြီ............

Type rest of the post here

သခင်

အသက်တစ်မျှ
ချစ်ခဲ့ရလည်း
ဝေေ၀၀ါးဝါး
ပြစ်ခွာထားခဲ့
နှောင်ကြိုးရစ်ပတ်
ရက်စက်ခဲ့သည်
နာကျင်အသည်း
ရှောင်လွှဲမရ
ကံတရားက
ရက်စက်လှသည်
မှိုင်းညို့ညို့ရီဝေ
မျက်ဝန်းအိမ်၌
ယိုစီးဖိတ်ကျ
မြစ်နှစ်သွယ်လည်း
နောင်တမပါ
ရင်ခွင်လယ်၌
အို......သခင်
မြင်လှည့်ပါ
ငါ့...မျက်ရည်
ငါ့..အသည်း
ငါ..ကျေကွဲသမျှ
မင်းပျော်စေရမယ်
စိတ်ချ.......
ငါ....ချစ်နေဦးမယ်

Type rest of the post here

Tuesday, April 15, 2008

ကိုယ်ပိုင်အလွမ်း

ဘ၀အတွက်
အားမာန်စွက်လို့
တစ်နယ်ကျေးမှာပညာရှာ
လွမ်းရသည့်အရာများ
များလှပေတာ
သူငယ်ချင်းအပေါင်းသင်း
ရောင်းရင်းနဲ့ဆွေသဟာ
စားစရာကရှမ်းခေါက်ဆွဲ
မေ့နိုင်ဘူးဗျာ
အမည်သညာရေမတွက်နိုင်တဲ့
လမ်းဘေးကစားစရာ
မျှော်ကြည့်စရာ
ပင်လယ်ပြာကြီး
မမေ့နိုင်စရာ
အမေ့လက်ရာနဲ့
ထမင်းစားရတဲ့ အချိန်တွေ
ဪ...လွမ်းစရာထောင်သောင်း
ရက်တွေညောင်းလည်း
မပြောင်းရင်မှာ
အစဉ်တမ်းတ
မှန်းဆမျှော်ရည်
အတိတ်ဆီသို့
တစ်ခါတစ်ခေါက်
ပြန်ရောက်ချင်သည်
အလွမ်းရက်တို့ကုန်စေလို.........

Type rest of the post here

Sunday, April 13, 2008

ပိတောက်မလေး...

တစ်နွေတစ်ခေါက်
ပိတောက်တို့ပွင့်ရင်
ရေတွေကြားက သူ့ရုပ်လွှာ
ခိုးကြည့်ဖူးတာသတိရတယ်
ဪ...ဧပရယ်
နွေသင်္ကြန်ပိတောက်
မွှေနှောက်ဗျာပါ
(တွေးရင်း..ရေးရင်း)
လွမ်းလာလို့
ဒီတစ်ခေါက်မပျော်
မျှော်လည်းမလွယ်
ရွယ်လည်းမဖြစ်
ချစ်သူနဲ့ဝေး
ဆွေးရတဲ့ဘဝ
ညတွေအိပ်မရ
(သူရောက်လာမလား)
ထထကြည့်လည်း
ဒီတစ်ရက်နဲ့ဆို
(၆)..နှစ်ကျော်ပြီပေါ့........

Type rest of the post here

အလွမ်းမုဆိုး

အကြင်နာ....
တွယ်တာနှောင်ရစ်
အချစ်...တဲ့
ဒါကို...အပြစ်ဆို
မလိုသူကြား
မောင့်နှလုံးသားလေး
ဝေး၀ါးနင့်ကျွမ်း
မလွမ်းပါရစေနဲ့လား....သခင်
တောမကျွမ်းမုဆိုးတောတိုးရင်
ဘေးဆိုးရင်ဆိုင်ရသတဲ့
အချစ်မကျွမ်းနှလုံးရိုင်း
မြစ်တစ်စင်းလွှမ်းတဲ့အပြုံးလှိုင်းမှာ
ချစ်ခြင်းပန်းခင်းသောလမ်းဆိုပြီး
ကဆုန်ပေါက်ဒုန်းဆိုင်းမိတော့
အလွမ်းတို့ရာဇ၀င်မှာ
စာတင်ရပြီပေါ့လေ.......

Type rest of the post here