Tuesday, May 20, 2008

ဖြူစင်စွာဆုတောင်းခြင်း

ပန်းကလေးတစ်ပွင့်
လန်းစွင့်လာခဲ့တယ်
ပန်းသတင်း
လေညှင်းဆောင်လို့
နေရာတိုင်းမွှေး
မြင်သူငေးရတယ်
အဆင်းအလှ
ဝင်းပဖြူစင်
မယ်သီတာ..ပပ
လက်ဖျားခါရအောင်
ဘယ်ဘ၀ဆုတောင်း
ကောင်းခဲ့သလဲလေ.....
ပန်းကိုချစ်တော့
ပန်းချစ်သူ
နမ်းယူရှိုက်မွှေး
အလှလေးမို့
မြတ်နိုးကြင်နာ
တစ်သက်စာသို့
ရည်ရွယ်ဆုတောင်း
ပေါင်းကြရစေ....


Type rest of the post here

No comments: