Wednesday, October 29, 2008

အလင်းရှင်

သူပြုံးလိုက်တဲ့အခါ
ပန်းကလေးတွေမွှေး
လေကလေးတွေအေး
နွမ်းသမျှပြေ
လွမ်းသမျှကျေတယ်…..
သူစကားပြောတဲ့အခါ
ပျားသကာလို
နားမှာချိုလို့
ရင်မှာစိမ့်စမ်း
စီးဖြတ်သန်းတယ်…..
သူရှိနေတဲ့အခါ
ရနံ့မွှေးသောပန်း
ကြာတင့်တဲ့ကန်
ကြယ်စုံသောကောင်းကင်
လသာတဲ့ည
ကာရန်ညီတဲ့ဂီတလို
အရာအားလုံးဟာလှပလို့…..
အိမ်မက်တွေကိုစည်းချ
မညီညာတဲ့ဂီတနဲ့
မှောင်မိုက်တဲ့ညတွေအတွက်
သူက…..
တစ်ဦးတည်းသော အလင်းရှင်ပါပဲ


Type rest of the post here

Monday, October 27, 2008

ကျရှုံးခြင်း

နေမင်းက
ညနေခင်းနဲ့စစ်ခင်းတယ်
နီနီကျင့်ကျင့်နေရောင်အောက်
တိမ်တွေအရောင်တောက်လို့.....
ရှင်နေမင်းက
ညနေခင်းရဲ့ဓါးသွားအောက်
အသက်ပျောက်လုဆဲဆဲ.....
မြစ်ရေပြင်မှာ
နီတောက်တောက်အရောင်တွေ
နေမင်းရဲ့သွေးတွေလား
ကျဆုံးတော့မယ့်ရှင်နေမင်းက
တစ်နေ့တာအတွက်နှုတ်ဆက်တယ်
နောက်တစ်နေ့မနက်ခင်း
သူပြန်လင်းလာမှာပဲလေ
ချစ်သူရေ.....
အဲဒီလိုပဲပေါ့
မင်းအမုန်းအောက်
ဒူးထောက်ခဲ့ရပေမယ့်
အလင်းပြန်ရမယ့်မနက်ခင်းတွေကို
ငါ...တမ်းတနေဆဲပါဟာ


Type rest of the post here