Wednesday, May 21, 2008

ပျောက်ဆုံးခြင်း

ချစ်သူရေ.....
အသက်ရှုတိုင်းမင်းကိုလွမ်းတယ်
မင်းသိနိုင်မလား
ငါ့ညတွေက
အိမ်မက်ရိုင်းတွေခြောက်လှန့်လို့.....
မင်းအတွက်
အိပ်ပျက်ခဲ့တဲ့..ညတွေ
မင်းအတွက်
ပျောက်ဆုံးခဲ့တဲ့..မျှော်လင့်ချက်တွေ
ဘ၀ရဲ့အစ
ဖြူစင်တဲ့ချစ်ခြင်း
ရစ်တင်းနှောင်ဖွဲ့တော့
မျက်ဝန်းတွေဝေရီ
နှလုံးသည်းပျက်ကြေခဲ့ရပြီ.....
ဆိုင်သူမသိဘဲလွမ်းနေရတဲ့ ငါ့ဘဝ
ကူတွယ်မယ့်လူဟာ
ဒီကမ္ဘာမှာရှိသေးရဲ့လား......


Type rest of the post here

နောင်တမဲ့

မိုးစက်လေးတွေရေ....
ငါ့ကိုစိုစွတ်ပေးကြပါ
ရင်ထဲကနွေလေး
ငြိမ်းအေးသွားအောင်ပေါ့
ငါက....
မရနိုင်မှန်းသိရက်နဲ့
မျှော်လင့်မိသူပါ
အဲဒီအတွက်
တစ်ဘ၀လုံးကြေကွဲရလည်း
ကျေနပ်နိုင်ပါတယ်
ငါ့မျှော်လင့်ချက်တွေမှာ
နောင်တ..ဆိုတာမရှိစေရဘူး
ကောင်မလေးရေ.....
မျှော်လင့်နေဦးမှာပါ
ငါ..အသက်ရှင်နေသမျှပေါ့


Type rest of the post here

တိုးတိတ်နှုတ်ဆက်ခြင်း

ကောင်မလေးရေ...
ငါသွားရတော့မယ်
နှုတ်ဆက်ချင်ပေမယ့်
အခွင့်မရှိတဲ့အခြေအနေ
ဘယ်လိုဖြေရမလဲလေ.....
ရင်ထဲမှာပဲ
တိတ်တိတ် ရေရွက်
မကြားနိုင်မှန်းသိပေမယ့်
ငါ..ကျေနပ်ပါတယ်
ဖြူစင်တဲ့ချစ်ခြင်း
မြတ်နိုးခြင်းများနဲ့
နှလုံးသားက သစ္စာ
ထာဝရတည်စေမယ်
ဒီကမ္ဘာမှာ
ငါဆိုတာရှိနေသ၍
မင်းကိုထာဝရ ချစ်နေမယ်
မျှော်လင့်လွမ်းဆွေး
အနေဝေးပေမယ့်
သတိတရနဲ့
မင်းကိုတမ်းတနေမယ်....


Type rest of the post here

ငါ့..အနာဂတ်

မြတ်နိုးတွယ်တာစွာနဲ့
ရင်ထဲမှာ...တစ်ကယ်ချစ်ပါတယ်
ဒါပေမယ့်
သူသိအောင်ပြောပြဖို့ခက်
မေ့ပစ်ဖို့ဆိုတော့လည်း
နှလုံးသားကလက်မခံဘူး
ဒီလိုနဲ့ပဲ.....
အချိန်တွေကုန်လွန်
နေ့လတွေကျော်ဖြတ်
အုံ့ပုံးဘ၀နဲ့ပဲ
တိတ်တိတ်လေးလွမ်းလို့ပေါ့
လွမ်းနာကျနေတဲ့
ငါ့နှလုံးသားက
ဘယ်တော့များမှ
ပျော်ရွှင်ခွင့်ရမလဲ
တွေးရင်း ဆွေးရင်း
အနာဂတ်ဟာ
မှုန်ဝါးနေဆဲပါပဲ.....


Type rest of the post here

Tuesday, May 20, 2008

ဖြူစင်စွာဆုတောင်းခြင်း

ပန်းကလေးတစ်ပွင့်
လန်းစွင့်လာခဲ့တယ်
ပန်းသတင်း
လေညှင်းဆောင်လို့
နေရာတိုင်းမွှေး
မြင်သူငေးရတယ်
အဆင်းအလှ
ဝင်းပဖြူစင်
မယ်သီတာ..ပပ
လက်ဖျားခါရအောင်
ဘယ်ဘ၀ဆုတောင်း
ကောင်းခဲ့သလဲလေ.....
ပန်းကိုချစ်တော့
ပန်းချစ်သူ
နမ်းယူရှိုက်မွှေး
အလှလေးမို့
မြတ်နိုးကြင်နာ
တစ်သက်စာသို့
ရည်ရွယ်ဆုတောင်း
ပေါင်းကြရစေ....


Type rest of the post here

ချစ်သူချော့တေး

မြူမှုန်ခင်းတဲ့
အဲဒီ..ဆောင်းတစ်ညလမ်းမှာ
ပန်းတစ်ပွင့်ရဲ့အလွမ်း
နှင်းမကွဲသေးတဲ့မနက်ခင်းနဲ့
လမသာတဲ့အိမ်မက်ဦး
ရူးလောက်တဲ့သင်ခန်းစာပေါ့......
အလွမ်းကတစ်ပွေ့
အနမ်းကတစ်ခက်နဲ့
ပန်းတွေပွင့်တဲ့ “ ည “ ပေါ့.......
နှင်းတစ်ဝက်လမ်းပျက်မှာ
ငါတို့တွေချစ်လျှက်ခွဲရမှာလား
ကံကြမ္မာက....
အလုံးအရင်းနဲ့ရက်စက်တယ်
အလွမ်းတွေပြေ
ပန်းတွေဝေဖို့
အားအင်မာန်ပွား
အတောင်ပံများနဲ့
ချစ်သူအနားရောက်အောင်လာမယ်
ပန်းကလေးရေ...မငိုနဲ့နော်

Type rest of the post here

ငါ့...ဘုရင်မ

ထာဝရအမှတ်တရ
May .. ညလေးတစ်ည
(11.May.2007,FRI)
ပျော်ရွှင်မှုအပေါင်း
ခညောင်းဝေဖြာတယ်
သူ့အသံလေး
နားထဲချိုအေးတယ်
အဲဒီညက
အိပ်မရဘူး
ငါ့အတွေးထဲမှာ
သူက..နတ်သမီး
စိတ်ကူးများရဲ့..သခင်
ဗီးနပ်(စ်)ရဲ့..ဘုရင်မ
ရင်မှာမေ့မရတဲ့သူ
မျက်စိမှိတ်လည်း
သူ့ကိုမြင်တယ်
နားမစွင့်ထားလည်း
သူ့အသံကြားတယ်
သူက..ငါ့ဘုရင်မ


Type rest of the post here

ကျွန်တော့် “ အဖေ “

အခုစိတ်ထဲမှာဖြစ်နေတာလေးတွေပေါ့နော်..ဟိုတစ်နေ့က အိမ်ကိုဖုန်းဆက်တော့ အမေနဲ့ဖုန်းပြောရင်းသိလိုက်
ရတယ်..အဖေ နေမကောင်းဘူးတဲ့..အခုကျွန်တော် မော်စကိုမှာနေတယ်..နောက် (၂) နှစ်ကျော်မှ ပြန်ရမှာပါ..
ကျွန်တော်ဘာတတ်နိုင်မလဲ..ကျွန်တော်အရမ်းချစ်ရတဲ့ အဖေ..ကျွန်တော်ကိုအရမ်းချစ်တဲ့ အဖေ..အခုအချိန်မှာ
အဖြစ်ချင်ဆုံးက အဖေ့အနားမှာနေချင်ပါတယ်..ဒါပေမယ့် အခြေအနေ အကြောင်းအမျိုးမျိုးကြားမှာ ကျွန်တော်
နေခွင့်မရပါဘူး..မိသားစုတာဝန်ကိုကျေပွန်ခဲ့တဲ့..အဖေ..မိဘတာဝန်ကျေပွန်ခဲ့တဲ့..အဖေ..သားသမီးတွေကိုလူ
တစ်လုံးသူတစ်လုံးဖြစ်အောင်တာဝန်ကျေပွန်ခဲ့တဲ့..အဖေ..လောကဓံကိုမေတ္တာနဲ့ရုန်းကန်ခဲ့တဲ့..အဖေ..ဘ၀လမ်း
မှာ ဇရာနဲ့ ခရီးပန်းနေပါပြီ..ကျွန်တော်မျက်ရည်ကျရုံကလွဲပြီးဘာများတတ်နိုင်ဦးမှာလဲဗျာ..သားသမီး (၄) ယောက်
မှာ အဖေက ကျွန်တော့်ကိုအချစ်ဆုံးပါ..ဘာလို့လဲဆိုတော့ ကျွန်တော်က အဖေ့ရဲ့ဗီဇ..အဖေ့ရဲ့ပုံစံ..အဖေရဲ့စရိုက်
လက္ခဏာအားလုံးကျွန်တော့်မှာရှိလို့ပါ..(၁၀)တန်းအောင်လို့ အမေက စစ်တက္ကသိုလ်တက်ခိုင်းတော့ အဖေ မျက်နှာ
မကောင်းဘူး..သူမခွဲချင်ပေမယ့် ကျွန်တော့်ဘ၀တက်လမ်းအတွက် သူ့ခံစားချက်ကိုမျိုသိပ်ခဲ့တာပါ..ကျွန်တော်အိမ်
ကိုပြန်ရောက်တိုင်းအဖေက ကျွန်တော့်လက်ကိုအမြဲဆုပ်ကိုင်ထားတတ်ပါတယ်..အမှတ်တမဲ့ပေမယ့် ကျွန်တော်သတိ
ထားမိပါတယ်..အဖေ့လက်တွေ တစ်နှစ်ထက်တစ်နှစ် လျော့တွဲလာတယ်..ကျွန်တော် (၈) တန်းနှစ်မှာ အဖေ လေဖြတ်ခဲ့ပါတယ်..ညာဘက်ဖြစ်ပေမယ့် ဆေးကောင်းလို့ အဖေ အခြေအနေမဆိုးခဲ့ပါဘူး..ဒါပေမယ့်အဖေအရင်
ကလိုတက်တက်ကြွကြွမရှိတော့ပါဘူး..ခွင့်ပြန်တိုင်း အဖေကျွန်တော့်ကိုအရိပ်လိုကြည့်နေတတ်ပါတယ်..အရက်အရမ်းကြိုက်တဲ့အဖေ..ကျွန်တော်ရှိနေရင်မသောက်ပါဘူး.
ကျွန်တော် ဒီကိုလာခါနီး ပြင်ဦးလွင်မှာ အဖေ ကျွန်တော့်ကိုလာနှုတ်ဆက်ပါတယ်..ကျွန်တော်ကားပေါ်တက်တော့
မျက်ရည်ဝိုင်းပြီး ကြည့်နေတဲ့ အဖေ့မျက်ဝန်းတွေ ဒီတစ်သက် ကျွန်တော်ဘယ်မေ့နိုင်မလဲဗျာ...
အခုလိုသူနေမကောင်းဖြစ်နေချိန်မှာ ကျွန်တော့်ကိုသူဘယ်လောက်သတိရနေမယ်ဆိုတာ ကျွန်တော်သိပါတယ်..
ဒါပေမယ့်ဗျာ..ကျွန်တော်ဘာတတ်နိုင်မှာလဲ..ကျွန်တော့်မှာ အဖေ့အတွက်မျက်ရကျဖို့ပဲရှိတယ်..အဖေ နေကောင်း
ပါစေလို့ဆုတောင်းရုံကလွဲပြီးကျွန်တော့်မှာ ဘာနည်းလမ်းမှ မရှိပါဘူး..ဘယ်လောက်များ ကျေကွဲဖို့ကောင်းလိုက်
ပါသလဲ..ဒီစာလေးကိုမျက်ရည်တွေနဲ့ရေးဖွဲ့ရင်း ကျွန်တော့်ရဲ့ အဖေ နေအမြန်ကောင်းပါစေလို့ ရင်နဲ့ရင်းပြီး
ဆုတောင်းလိုက်ပါတယ်......

“ အဖေ့ “ ကိုဦးခိုက်ပူဇော်ပါသည်


Type rest of the post here