Wednesday, September 3, 2008

အဝေးရောက် အလွမ်း

ဂစ်တာကြိုးလေးပေါ်
လက်ချောင်းတွေပြေးလွှား
သံစဉ်တစ်ခုညည်းတွားရင်း
ရင်ထဲကအလွမ်းတွေကို
ကာရန်ညှိလိုက်တယ်
ကော်ဖီတစ်ငုံနဲ့
ရှေ့ဆက်ဖို့အားတင်းတယ်
မျက်လုံးတွေမှိတ်
အမြင်အာရုံမှာ
မင်းမျက်နှာလေး
တစိမ့်စိမ့်ကြည့်ငေးရင်း
မင်းကိုလွမ်းတဲ့အကြောင်း
သံစဉ်လေးနဲ့ပြောပြလိုက်တယ်
ခွင့်လွှတ်ပါ..ချစ်သူ
အမှန်ဆိုရင်
မင်းနားမှာထိုင်
မင်းလက်လေးကိုင်ပြီး
မင်းကိုလွမ်းတဲ့အကြောင်း
ပါးလေးအပ်ပြီးပြောပြရမှာ
အခုတော့လေ…..
တို့တွေအနေဝေး
မရေမရာအတွေးတွေနဲ့
တနယ်ကျေးမှာ
အဆွေးပိုနေရတယ်လေ
ပြန်ဆုံချိန်ကို
လက်ချိုးတွက်ရေ
ကြိုနေမှာလား ချစ်သူ
တို့ပြန်ဆုံရင်
အလွမ်းတွေအတွက်
ပြန်ပေးဆပ်ပါ့မယ်
အခုတော့လွမ်းနေလေဦးတော့
အဝေးက ချစ်သူရေ…….


Type rest of the post here

Monday, September 1, 2008

ကမ္ဘာပြိုခဲ့ပြီ

ချစ်သူထားခဲ့တဲ့ ဒဏ်ရာ
ခံရခက်တဲ့ဝေဒနာပေါ့
မျက်ရည်ခမ်းအောင်
လွမ်းခဲ့ရလည်း
ပန်းတစ်ပွင့်လို
နွမ်းလင့်လို့ကြွေ
ဪ…အထီးကျန်ခဲ့ပေါ့
နင်ခြွေခဲ့လည်း
မွှေးဆဲပါလေ
နင့်အတွက်အချစ်တွေ
ရင်ထဲမှာ ဝေနေဆဲ
မျက်ရည်လမ်းမှာ
အသည်းကြွေထမ်းလို့
မှန်းရည်လွမ်းမယ်
နောင်တဆိုတာမရှိဘူး
အတိတ်ကိုမေ့ထားလိုက်မယ်
ဟောဒီလောကကြီးမှာ
ငါဆိုတာရှိနေသမျှ
နင့်ကိုတမ်းတနေမှာ
နင်မသိလဲနေပါ
ငါ့အတွက်က
နင်ဆိုတာရှိနေမှာပါပဲ


Type rest of the post here