Monday, October 27, 2008

ကျရှုံးခြင်း

နေမင်းက
ညနေခင်းနဲ့စစ်ခင်းတယ်
နီနီကျင့်ကျင့်နေရောင်အောက်
တိမ်တွေအရောင်တောက်လို့.....
ရှင်နေမင်းက
ညနေခင်းရဲ့ဓါးသွားအောက်
အသက်ပျောက်လုဆဲဆဲ.....
မြစ်ရေပြင်မှာ
နီတောက်တောက်အရောင်တွေ
နေမင်းရဲ့သွေးတွေလား
ကျဆုံးတော့မယ့်ရှင်နေမင်းက
တစ်နေ့တာအတွက်နှုတ်ဆက်တယ်
နောက်တစ်နေ့မနက်ခင်း
သူပြန်လင်းလာမှာပဲလေ
ချစ်သူရေ.....
အဲဒီလိုပဲပေါ့
မင်းအမုန်းအောက်
ဒူးထောက်ခဲ့ရပေမယ့်
အလင်းပြန်ရမယ့်မနက်ခင်းတွေကို
ငါ...တမ်းတနေဆဲပါဟာ


Type rest of the post here

2 comments:

ပျံသန်းခြင်းရပ်ဝန်း said...

မနက်ခင်းကမလွဲမသွေရောက်လာမှာပါ..ကိုဂျိုကာရေ....အောင်မြင်ပါစေ...
အားပေးလျက်...

နွေသူရ

Anonymous said...

ညီလေးရေ ကဗျာလေးက ကောင်းမှကောင်းဗျာ
နေမင်းကြီး ပြန်လည်ထွန်းလင်းလာသလို
ညီလေးလည်း ချစ်ခြင်းတရားတွေ ပြန်လည်ထွန်းလင်း
လာပါစေလို့ ဆုတောင်းပါတယ် ညီလေးရေ