Sunday, April 13, 2008

ပိတောက်မလေး...

တစ်နွေတစ်ခေါက်
ပိတောက်တို့ပွင့်ရင်
ရေတွေကြားက သူ့ရုပ်လွှာ
ခိုးကြည့်ဖူးတာသတိရတယ်
ဪ...ဧပရယ်
နွေသင်္ကြန်ပိတောက်
မွှေနှောက်ဗျာပါ
(တွေးရင်း..ရေးရင်း)
လွမ်းလာလို့
ဒီတစ်ခေါက်မပျော်
မျှော်လည်းမလွယ်
ရွယ်လည်းမဖြစ်
ချစ်သူနဲ့ဝေး
ဆွေးရတဲ့ဘဝ
ညတွေအိပ်မရ
(သူရောက်လာမလား)
ထထကြည့်လည်း
ဒီတစ်ရက်နဲ့ဆို
(၆)..နှစ်ကျော်ပြီပေါ့........

Type rest of the post here

No comments: