Friday, April 18, 2008

ထာဝရမှီတွယ်ရာ

ကောင်မလေးရေ.....
နင်ခြေစုံကန်ပြန်ထွက်သွားတဲ့ ငါ့ရင်ခွင်ဟာ
နင်မက်မောတဲ့ကောင်းကင်ပြာပြာလောက်
မကျယ်ပြောတာအမှန်ပါ
ဒါပေမယ့်....
အဲဒီကောင်းကင်ထက်မြင့်မားနက်ရှိုင်းစွာ
နင့်ကို ငါ..ချစ်ခဲ့တာပါဟာ
နင်မသိခဲ့ပါဘူး
တစ်ကယ်တော့ ငါက......
သစ်ခြောက်ကိုင်းလေးတစ်ခုပါ
နင်..ခဏတာဝင်ရောက်နားခိုဖို့
ဖြစ်တည်ပေးခဲ့သူပါ
နောက်ထက်......နှစ်ပေါင်းများစွာ
နွေ..မိုး..ဆောင်းတွေပြောင်းလည်း
နင်...ခိုဝင်လည့်ပါ
ငါ့ရင်တံခါး အမြဲဖွင့်ထားတယ်
နင့်အတွက်..ငါက
ပြောင်းလည်းခြင်းမရှိတဲ့
ထာဝရမှီတွယ်ရာလေ........


Type rest of the post here

No comments: