Sunday, April 13, 2008

အလွမ်းမုဆိုး

အကြင်နာ....
တွယ်တာနှောင်ရစ်
အချစ်...တဲ့
ဒါကို...အပြစ်ဆို
မလိုသူကြား
မောင့်နှလုံးသားလေး
ဝေး၀ါးနင့်ကျွမ်း
မလွမ်းပါရစေနဲ့လား....သခင်
တောမကျွမ်းမုဆိုးတောတိုးရင်
ဘေးဆိုးရင်ဆိုင်ရသတဲ့
အချစ်မကျွမ်းနှလုံးရိုင်း
မြစ်တစ်စင်းလွှမ်းတဲ့အပြုံးလှိုင်းမှာ
ချစ်ခြင်းပန်းခင်းသောလမ်းဆိုပြီး
ကဆုန်ပေါက်ဒုန်းဆိုင်းမိတော့
အလွမ်းတို့ရာဇ၀င်မှာ
စာတင်ရပြီပေါ့လေ.......

Type rest of the post here

No comments: