Thursday, April 17, 2008

ဘ၀လမ်းမှာကျပျောက်ခဲ့ရသောအရာလေးများ

ငယ်ငယ်အခါ အဖေ အမေ ဆွေမျိုးမိတ်သဟာတွေက သားကြီးလာလို့ဘာလုပ်မလဲမေးရင် စစ်သားကြီးလုပ်မယ်လို့ဖြေခဲ့ပါတယ် တစ်ခြားအရာတွေကို ပါးစပ်ကတောင်မဟခဲ့ပါဘူး (၁၀) တန်းအောင်တော့လည်း တစ်ခါတည်း အကြွင်းမဲ့ရည်ရွယ်ချက်နဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းအဖြစ်လျှောက်ထားခဲ့ပါတယ် ငါ...စစ်ဗိုလ်တစ်ယောက်ဖြစ်ကိုဖြစ်ရမယ်ပေါ့.......
အခက်အခဲပေါင်းများစွာ..ပင်ပန်းဆင်းရဲမှုများစွာနဲ့ (၃) နှစ်ဆိုတဲ့အချိန်ကိုဖြတ်ကျော်ခဲ့ပါတယ် ကျွန်တော်တို့ စစ်တက္ကသိုလ်ကျောင်းဆင်းတွေ အဓိကဆုံးရှုံးတာကတော့ လူငယ်လွပ်လပ်ခွင့်ပေါ့ဗျာ ဘယ်လောက်မြတ်နိုးဖို့ကောင်းတဲ့ အမှတ်ရနေစရာကောင်းတဲ့ လွပ်လပ်မှုလေးလဲ ကျွန်တော်တို့အဲဒါကို ဆုံးရှုံးခဲ့ရပါတယ် ဗိုလ်လောင်ဘ၀ ခွင့်ပြန်ရင် ကျွန်တော် (၃) နာရီကျော်သွားရတဲ့ ပုသိမ် တက္ကသိုလ် ကိုနှစ်တိုင်းရောက်ပါတယ် တက္ကသိုလ်ကျောင်းသားတွေရဲ့ လွပ်လပ်မှုကိုသဘောကျမိတယ် ကျွန်တော်လည်း ကျောင်းသားလိုလို ဘာလိုလိုနဲ့ကျောင်းထဲမှာလျှောက်သွားပါတယ်အဲဒီအရသာကိုကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး လူငယ်ဘ၀လွပ်လပ်မှုကိုအပြည့်အ၀ပေးနိုင်စွမ်းပါတယ် ကျွန်တော် တစ်နှစ်လုံးပင်ပန်းဆင်းရဲ
သမျှ အဲဒီတစ်ရက်နှစ်ရက်နဲ့ပြေပျောက်သွားတတ်ပါတယ် ......
တစ်ခါတစ်လေကျတော့လည်းတက္ကသိုလ်ကျောင်းသားတစ်ယောက်အရမ်းဖြစ်ချင်မိတယ် ဒါပေမယ့် ရည်ရွယ်ချက်ဆိုတာက
ရှိပြီးသားလေ ပြီးတော့မိဘရဲ့နွေးထွေးတဲ့ မေတ္တာတရား သူငယ်ချင်းများရဲ့ဖြူစင်တဲ့ခင်မင်မှုလေးတွေ ထမင်းဝိုင်းကမထချင်အောင်ကောင်း
တဲ့အမေ့ရဲ့ဟင်းလက်ရာ တီတီတာတာပြောတတ်တဲ့ ညီမအငယ်ဆုံးလေးရဲ့ချစ်စရာအသံလေး ပျော်စရာ ဂုဏ်ပကာသနကင်းတဲ့ မိသားစု
ထမင်းဝိုင်းလေး ကျွန်တော်တို့ဆုံးရှုံးခဲ့တာတွေအများကြီးပါ ဒါပေမယ့် ကျွန်တော်တို့ဘ၀လမ်းမှန်ခဲ့ပါတယ်.......
လူပဲဗျာ တစ်ခါတစ်လေကြတော့လည်း ပျော်ရာမှာနေချင်တာပေါ့ ဘယ်လောက်များဝမ်းနည်းဖို့ကောင်းလိုက်သလဲ ကိုယ့်ဇာတိ
ချက်ချွေမွေးရပ်မြေကို အလည်ပြန်နေရတဲ့ဘ၀ပါ ကိုယ့်မိသားစုမှာ ကိုယ်ကဧည့်သည်ဖြစ်နေပါတယ် ဒါတွေကမသေမချင်းဖြစ်နေမယ့်
အကြောင်းလေးတွေပါ သန်းခေါင်စာရင်းမှာပါတာကလွဲလို့ ဧည့်သည်ပါပဲ ငယ်ငယ်တုန်းကဘ၀လေးကိုပြန်လိုချင်တယ်ဗျာ ကျွန်တော်တို့
ပျောက်ဆုံးခဲ့တာတွေဘယ်အချိန်မှပြန်ရနိုင်မလဲဗျာ မျှော်လင့်နေမိဆဲပါ တစ်ချိန်တော့ကျွန်တော် မိသားစုဝင်ပြန်ဖြစ်ဖို့ပေါ့........

( ညီနောင်များအားလုံးအတွက်ရည်ရွယ်ပါသည် )


Type rest of the post here

No comments: