Saturday, April 19, 2008

ဆုံးဖြတ်ခြင်း

ကောင်လေးတစ်ယောက်နဲ့
ကောင်မလေးတစ်ယောက်
မျက်နှာချင်းဆိုင် ရပ်နေကြတယ်....
အလယ်မှာ.........
စည်းတစ်ခုခြားလို့ပေါ့
သူတို့နှစ်ဦးက
တစ်ဦးကိုတစ်ဦး
ရူးမူးစွာချစ်ကြိုက်ကြတယ်
သူတို့နှစ်ဦး
ပေါင်းစည်းဖို့ရာ
တစ်ဦးကတစ်ဖက်
ပေါင်းစပ်ဖို့လိုတယ်
ဒါပေမယ့်..........
ကူးဖြတ်တဲ့သူက
ပေးဆပ်ရမယ်
ရင်းနှီးထားသမျှ
အချိန်..နေရာ
အရာအားလုံး
စိတ်ကူးထားသမျှ
ဘာမှမကျန်အောင်
ဆုံးရှုံးကွဲကျေ
ရင်နင့်လေမယ်
ကဲ........
ဘယ်သူက ကူးလို့
ဘယ်သူက စောင့်မလဲ
အချစ် ဆိုတာ
ပေါ်လာပါပြီ
စွန့်လွှတ်ခြင်းလား
ရယူခြင်းလား
အနာဂါတ်က
ေ၀၀ါးဆဲ..........


Type rest of the post here

No comments: