Thursday, June 26, 2008

ရင်နင့်အလွမ်း

တမ်းတမှန်းရည်
ရွာဦးဆီသို့
ခရေပင်အောက်
ပန်းတွေကောက်ရင်
သီကာခရေ
ပန်ပေးလေသည့်
ချစ်သူ့ဆံနွယ်
မွှေးပျံ့ပျံ့ဝယ်
တစ်သက်တာမှန်း
တမ်းကာနမ်းသည်
လေပြေလေးတို့သက်သေတည်.....

မရွယ်ပဲဖြစ်
ချန်ရစ်ခဲ့သည်
ကံကြမ္မာရယ်
ဖန်လာရက်တယ်
ဖယ်ခွာအဝေး
သူထွက်ပြေးသည်
ဘယ်ဆီဘယ်ဝယ်
မှန်းကာရွယ်လည်း
သူပြန်မရောက်
လမ်းစပျောက်ပြီ
ပန်းခရေတို့
နွမ်းလေပြီကွယ်
ခရေပင်အောက်
ပြန်ရောက်လေတိုင်း
ချစ်သူ့ဆံနွယ်
မှန်းရွယ်သီကုံး
လေအဝေ့မှာလွင့်လွင့်လူးတယ်
ပန်းခရေတို့ပြုံး.....


Type rest of the post here

No comments: