Saturday, June 28, 2008

ကဗျာဆရာ

ကော်ဖီတစ်ခွက်
သန်းခေါင်ယံတစ်ခုနဲ့
စကားလုံးတွေကလှပနေလိုက်တာ
ကမ္ဘာပေါ်မှာပန်းတွေမရှိတော့သလိုလို
မွှေးလိုက်တာကွယ်
နှလုံးသားထဲကပန်းလေးတွေ
မိုးကောင်းကင်ထိပဲထိုးဖောက်တော့မလိုလို
အသက်သွေးထဲက
ယိုစီးဖိတ်ထွက်လာကြတယ်
စကားလုံးလေးတွေ
ဒါ..ငါ့ဘဝ
ဒါ..ငါ့ကမ္ဘာ
ဒါ..ငါ့အသက်
နှလုံးသွေးရပ်သွားမယ်ဆိုရင်တောင်
ငါ..ဆက်ရွတ်နေဦးမယ်
မျက်စိကိုစုံမှိတ်
အိမ်မက်လိုစိတ်ကူးတွေထဲမှာ
ငါ့ကဗျာတွေဖူးပွင့်ကြတယ်
ငါသေသွားရင်တောင်
ဒီကောင်းကင်ကြီးအောက်မှာ
ငါ့စကားလုံးတွေပျံ့လွင့်နေဦးမှာ
ငါ့ဝိညဉ်နဲ့အတူ
ငါ့ကဗျာတွေရှင်သန်နေဦးမယ်


လူတစ်ယောက်ဖြစ်တည်မှုက အောက်ဆီဂျင်ပေါ်မှာမူတည်တယ်
ကျွန်တော့်ဖြစ်တည်မှုက ကျွန်တော့်ကဗျာတွေပေါ်မှာပဲမူတည်ပါတယ်

Type rest of the post here

No comments: