Saturday, June 28, 2008

နတ်ဆိုးဆီရောင်းစားခံလိုက်ရတဲ့ သနားစရာ ငါ့အိမ်မက်လေး

အိမ်မက်တစ်ခုကိုမောင်းထုတ်ဖို့
မြင်းဆယ်ကောင်အားမလိုပါဘူး
နာကျင်ဝေဒနာအပိုင်းအစတွေနဲ့
ကွဲအက်နေတဲ့နှလုံးသားတစ်ခုပဲလိုတယ်
ငါ..မျှော်လင့်ချက်ကို
မနက်ခင်းနဲ့ရင်းပြီးပြီ
အဲဒီကောင်းကင်က
ငါ့အတွက်မှမဟုတ်တာ
ပန်းကြွေဝတ်မှုံကို
သီချင်းလုပ်ဆိုပြီး
ကြယ်တွေနဲ့စီးချင်းထိုးရမှာလား
ခပ်ရင့်ရင့်စကားလုံးတွေနဲ့
ငါ့အိမ်မက်ကိုမရောင်းစားပါနဲ့
သုံညကမချိုပါဘူးဟာ
ဟုတ်တယ်လေ
ငါက နှလုံးသားမှအပိုမပါတာ
ဝိုးတ၀ါးအိမ်မက်လေးနဲ့
သန်းခေါင်ယံတွေအသက်ဆက်နေခဲ့ရတာ
ပန်းပွင့်တွေကြွေတော့
ငါလည်းငိုတာပေါ့ဟာ
တစ်ခုတော့ပြောချင်သေးတယ်
လမင်းကလည်း
သေချာကြည့်ရင် “ သုံည ” ပါပဲ

Type rest of the post here

No comments: