Wednesday, May 28, 2008

ပြန်လာပါ

ချစ်သူ....
မင်းအကြည့်တစ်ချက်
တစ်ကမ္ဘာမှတ်ခဲ့ဘူးတယ်
မင်းစကားတစ်ခွန်း
ယစ်မူးလှိုက်မောဘူးတယ်
မင်းမျက်စောင်းတစ်ချက်
သေမတတ်ကြောက်ခဲ့ဘူးတယ်
မင်းနှုတ်ခမ်းတစ်ချက်အစူ
ရင်ခွင်ဗလောင်စူခဲ့ဘူးတယ်
ချစ်သူရေ.....
ဖြစ်လာမယ်ဆိုတာသိနေပေမယ့်
ငါ..ကြိုမတွေးရဲခဲ့ဘူးလေ
ဘယ်တော့မှမမေ့ဘူး
အမှတ်တရ Valentine
မျှော်လင့်ချက်တွေ
အရောင်တက်ခဲ့တဲ့နေ့.....
ငါ့ရာဇ၀င်မှာ
စာတင်ခဲ့တဲ့နေ့.......
တစ်နွေကုန်လို့
တစ်မိုးပြောင်း
တစ်ဆောင်းသစ်ပါစေ
မင်းပြန်လာမယ့်နေ့ကို
ငါ..စောင့်နေပါ့မယ်
ရင်ထဲကအချစ်
တစ်ကယ်စစ်ရင်
ငါ့ရေးနေတဲ့ကဗျာ
ငါ့ကာရန်တွေ
မင်းသိနိုင်ပါစေ......



Type rest of the post here

No comments: