Monday, May 26, 2008

စိတ်ဝိညဉ်

ဟိုး.....ရှေ့မှာ
မြက်ခင်းပြင်တစ်ခု
ဂစ်တာတစ်လက်နဲ့
သံစဉ်တွေတီးခတ်ကြည့်တယ်
တိမ်တွေကခရီးနှင်နေတယ်
ခပ်မြင့်မြင့်သစ်ပင်ထက်ဆီက
ငှက်တစ်ကောင်အော်သံကြားတယ်
တောင်ကုန်းတစ်ခုက
ငါ့ကိုငုံ့ကြည့်လို့......
စိမ်းညို့ညို့တောအုပ်လေးတွေက
ငါ့ရဲ့အဖော်တွေလား
သူတို့အတွက်
ကဗျာတစ်ပုဒ်ရွတ်လိုက်တယ်
လက်ထဲကအရက်တစ်ခွက်က
နက်ရှိုင်းစွာအားပေးတယ်
ဒီလိုနဲ့......
ကောင်းကင်ကြီးက
မှိုင်းညို့ညို့အုပ်ဆိုင်း
လွမ်းတေးသီဖို့ပြင်တယ်
ကြည့်ရင်း..ကြည့်ရင်း
ငှက်ကလေးထပြန်သွားတယ်
မြတ်ခင်းလေးညှိုးသွားပြီ
တောင်ကုန်းလေးက
ငါ့ကိုကျောပေးသွားပြီ
ငါလည်း.....
အား..အင်..မဲ့..စွာ
မျက်ရည်တစ်စက
ပါးပြင်ကတစ်ဆင့်
အရက်ခွက်ထဲကျသွားတယ်
ငါ..မူး..နေ..ပြီ



Type rest of the post here

No comments: