Friday, June 20, 2008

အေးချမ်းပါစေ..ကမ္ဘာမြေ

ဖြူစင်သန့်ရှင်း
မေတ္တာလင်း၍
အမုန်းကင်းစင်
လူသားရင်၌
နူးညံ့သာယာ
လင်းကမ္ဘာသို့
အမှောင်ကိုခွင်း
အလင်းပေးလျှင်
ငါတို့ပျော်ရာ
ဤကမ္ဘာသည်
ငြိမ်းချမ်းသာယာရှိလိမ့်မည်.....
တစ်ဦးမေတ္တာ
တစ်ဦးမှာသို့
ခွင့်လွှတ်ခြင်းလျှင်
အောင်နိုင်ရာသည်
ဒေါသထိန်းချုပ်
အမုန်းရုပ်၍
သည်းခံခြင်းဖြင့်ငြိမ်းချမ်းကြစေ.....
လူတို့ဌာနေ
ကမ္ဘာမြေကြီး
အမုန်းကင်းစင်
ချမ်းမြေ့ရွှင်အောင်
ပန်းတို့ဝေသီ
မွှေးပျံ့ကြည်အောင်
အားနည်းသောသူ
ဝိုင်းဝန်းကူ၍
ညှာတာထောက်ထား
မေတ္တာပွားစေ
ဒေါသအစား
နှလုံးသားဖြင့်
အပြုံးများလုပ်
အမုန်းထုပ်၍
အေးမြကြည်လင်
ပျော်ရွှင်ကြစေ
ကမ္ဘာမြေကြီးငြိမ်းချမ်းစေ.....



Type rest of the post here

No comments: