Sunday, June 15, 2008

ရေမြေခြားမှာ သာတဲ့ “ လ “

အမေ့အိမ်
စိတ်ငြိမ်တဲ့လမ်း
မှန်းဆတမ်းရည်
ဒီခရီးသာရင်ဖြင့်
မကြာတစ်ခေါက်
အရောက်လာမယ်..အမေ
သားကိုမျှော်
တော်ရာမှာနေလို့
မခေါ်ရက်တာသားသိတယ်..အမေ
အမေသိပ်မှ
အိပ်တတ်တဲ့ သား
အမေချက်မှ
စားတတ်တဲ့ သား
အမေ့ရင်ခွင်ကြား
ခေါင်းလေးထားချင်သေးတယ်..အမေ
အမေ့အနမ်း
ပန်းရေချမ်းလို
သင်းထုံပျံ့မွှေး
အားမာန်ပေးတယ်
အာရုဏ်တက်
မနက်လင်းရင်
ကျက်သရေအပေါင်း
ခညောင်းဝေဖြာတဲ့
အမေ့တရားသံသာ
တစ်ခါကြားချင်
ရင်ဝယ်တမ်းတ
မှန်းဆရည်စူး
စိတ်ကူးနဲ့သာဖြေရတယ်
အမေနဲ့သား
ရေမြေခြားနေလည်း
အမေ့မေတ္တာ
လရောင်ဖြာလို
ကြည်သာရွှန်းပ
အေးမြပါတယ်..အမေ
ဘယ်နေရာမှာ
လမင်းသာသာ
အေးမြမှုကတော့
အတူတူပါပဲ..အမေရယ်


Type rest of the post here

No comments: