Tuesday, March 18, 2008

သခင်

ချစ်သူ..မင်းက
ညမှာလင်းတဲ့
လမင်းဖြစ်ခဲ့ရင်
ချစ်သူအနား
မြဲခစားဖို့
ကြယ်စင်လေးတွေဖြစ်ချင်တယ်
ချစ်သူက.....
အေးမြကြည်သာ
ရေကန်တစ်ခါဖြစ်ခဲ့ရင်
ချစ်သူအလှ
တိုးဝေဖြဖို့
ကြာပန်းလေးတွေဖြစ်ချင်တယ်
ချစ်သူက.....
ကမ်းလမ်းမမြင်
ပင်လယ်ပြင်ဖြစ်ခဲ့ရင်
လှိုင်းလုံးလေးတွေအလား
မင်းအနားကမခွာ
တစ်သားတည်းရှိပါ့မယ်
ချစ်သူက.....
အစဉ်လန်းစွင့်
နှင်းဆီပန်းတစ်ပွင့်ဖြစ်ခဲ့ရင်
သခင့်ရန်ဘေး
ကာကွယ်ပေးဖို့
ဆူးခက်လေးတွေဖြစ်ချင်တယ်.....

( သက်ဆိုင်သူ....သို့.......)

No comments: