Thursday, March 20, 2008

အမြဲတမ်း...မင်း

ဝေးလံခေါင်သီတဲ့
လူသူဝေးတဲ့ တောထဲက
တောင်မြင့်မြင့်တစ်ခုပေါ်
ငါ...ရောက်နေခဲ့တယ်
ဘယ်နေရာကြည့်ကြည့်
တောရယ်..တောင်ရယ်
ပြီးတော့......
ငါတို့ကိုသတ်မယ့် ရန်သူတွေရယ်
အန္တရယ်အထပ်ထပ်
ရိက္ခာပြတ်နေတဲ့ကြားကလည်း
မင်းကိုသတိရတာပဲ
မျက်လုံးမှိတ်ရင်
မင်းကိုမြင်လို့
နားမစွင့်လည်း
မင်းအသံကြားတယ်
ည...သန်းခေါင်ကျော်
တောရိုင်းကောင်တွေ အသံနဲ့
ခပ်ဝေးဝေးဆီက
မိုင်းကွဲသံကြားလိုက်တော့လည်း
မင်းကိုလွမ်းတာပဲ

၁၆.၃.၂၀၀၆
တခေါ်ဘီခွီး ရှေ့တန်းခြေကုပ်
ကရင်ပြည်နယ်

1 comment:

airzac said...

It can be said that အမြဲတမ်း...မင်း is the best of all. In other word, it's your masterpiece....