Monday, September 1, 2008

ကမ္ဘာပြိုခဲ့ပြီ

ချစ်သူထားခဲ့တဲ့ ဒဏ်ရာ
ခံရခက်တဲ့ဝေဒနာပေါ့
မျက်ရည်ခမ်းအောင်
လွမ်းခဲ့ရလည်း
ပန်းတစ်ပွင့်လို
နွမ်းလင့်လို့ကြွေ
ဪ…အထီးကျန်ခဲ့ပေါ့
နင်ခြွေခဲ့လည်း
မွှေးဆဲပါလေ
နင့်အတွက်အချစ်တွေ
ရင်ထဲမှာ ဝေနေဆဲ
မျက်ရည်လမ်းမှာ
အသည်းကြွေထမ်းလို့
မှန်းရည်လွမ်းမယ်
နောင်တဆိုတာမရှိဘူး
အတိတ်ကိုမေ့ထားလိုက်မယ်
ဟောဒီလောကကြီးမှာ
ငါဆိုတာရှိနေသမျှ
နင့်ကိုတမ်းတနေမှာ
နင်မသိလဲနေပါ
ငါ့အတွက်က
နင်ဆိုတာရှိနေမှာပါပဲ


Type rest of the post here

No comments: