Wednesday, September 3, 2008

အဝေးရောက် အလွမ်း

ဂစ်တာကြိုးလေးပေါ်
လက်ချောင်းတွေပြေးလွှား
သံစဉ်တစ်ခုညည်းတွားရင်း
ရင်ထဲကအလွမ်းတွေကို
ကာရန်ညှိလိုက်တယ်
ကော်ဖီတစ်ငုံနဲ့
ရှေ့ဆက်ဖို့အားတင်းတယ်
မျက်လုံးတွေမှိတ်
အမြင်အာရုံမှာ
မင်းမျက်နှာလေး
တစိမ့်စိမ့်ကြည့်ငေးရင်း
မင်းကိုလွမ်းတဲ့အကြောင်း
သံစဉ်လေးနဲ့ပြောပြလိုက်တယ်
ခွင့်လွှတ်ပါ..ချစ်သူ
အမှန်ဆိုရင်
မင်းနားမှာထိုင်
မင်းလက်လေးကိုင်ပြီး
မင်းကိုလွမ်းတဲ့အကြောင်း
ပါးလေးအပ်ပြီးပြောပြရမှာ
အခုတော့လေ…..
တို့တွေအနေဝေး
မရေမရာအတွေးတွေနဲ့
တနယ်ကျေးမှာ
အဆွေးပိုနေရတယ်လေ
ပြန်ဆုံချိန်ကို
လက်ချိုးတွက်ရေ
ကြိုနေမှာလား ချစ်သူ
တို့ပြန်ဆုံရင်
အလွမ်းတွေအတွက်
ပြန်ပေးဆပ်ပါ့မယ်
အခုတော့လွမ်းနေလေဦးတော့
အဝေးက ချစ်သူရေ…….


Type rest of the post here

No comments: