Thursday, July 3, 2008

မိုးခိုသူ

တစ်ခါတစ်ခါ
ငါဘာလဲဆိုတာငါမသိဘူး
ငါ့ဘ၀က တိမ်တွေမှိုင်းနေတတ်တယ်
မိုးကိုမျှော်ရင်း
ရေငတ်ပြီးသေဘူးတယ်
ကောင်းကင်မရှိတော့
အိမ်မက်ဦးကလမင်းမသာဘူး
အချစ် ဆိုတာ
ကော်ဖီတစ်ခွက်လောက်မှအနံ့မသင်းတာ
အရက်တစ်ခွက်လောက်ရော
မူးခဲ့လို့လား.....
ငါမခေါ်ပဲလာတယ်
ငါမနှင်ပဲပြန်တယ်
နင်က...မိုးခိုသူပါ
မိုးရွာတုန်းခဏလေး
ငါ့နှလုံးသားအောက်
နင်ဝင်ရောက်ခဲ့တာ
ကျေနပ်ပါတယ်လေ
နင်မိုးမစိုခဲ့ပါဘူး
နောက်တစ်ခါမိုးရွာရင်
ငါ့ရင်ခွင်ခိုဝင်လှည့်ဦးနော်
ငါ...နင့်ကိုကာကွယ်ပေးမယ်


Type rest of the post here

1 comment:

ကိုရင်ညိန်း said...

ကောင်းကင်ကမလင်းတော့
အိပ်မက်ဦးက လမင်းမသာဘူး

အဲဒီအသုံးလေးလှတယ်ဗျ
ဆက်ပါဦးဗျာ